ရှောင်းသူကြီးသား၏အချစ်ကလေးဝမ်

1.5K 79 11
                                    

"အေ့...ဘယ်ခွေးမှလူမထင်ဘူးကွ...ငါ့အချစ်ကလေး ဝမ်အိပေါ်ကလွဲရင် ဘယ်သူ့မှဂရုမစိုက်ဘူးကွ."
ချုံချင်းရွာသူကြီး၏တစ်ဦးတည်းသောသားဖြစ်သူရှောင်းရှောင်ကျန့်တစ်ယောက်အရက်မူးကာပတ်ရမ်းနေခြင်းပင်။‌‌ရည်းစား‌ေလး ဖြစ်သူ ဝမ်ရိပေါ်လေးမှလွဲ၍ သူ့အဖေသူကြီးကိုယ်တိုင်ပင် လက်ရောခြေပါမြှောက်ထားရသော အဆိုးအဆာတစ်ယောက်ပင်။အရက်သမားမဟုသော်လည်းအဖော်လေးစုံရင်တော့သောက်တတ်စားတတ်လေသည်။ဒါလေးကလွဲရင်တော့ ရပ်ရေးရွာရေး တွေမှာ တပ်တပ်ကြွကြွ ပါဝင်သူဖြစ်သည်။တစ်ခါတစ်လေအလွဲတေလုပ်တတ်တာလေးတော့‌ထည့်မပြောတော့ပါဘူး။
ရှောင်ကျန့်မှာ ရွာမျက်နှာဖုံး ဝမ်သူဌေးကြီး၏ သား ဝမ်ရိပေါ်ကလေးနှင့်ချစ်သူများပင်ဖြစ်သည်။
ချစ်သူဖြစ်သွားရပုံမှာလည်း....

"ကျိုးချန်..ဒီလမ်းကနေ ငါ့အချစ်ကလေး အိပေါ် လာမှာသေချာလား.."
"သေချာပါတယ်..ရှောင်ကျန့်ရ ငါကိုယ်တိုင် ဝမ်သူဌေးကြီးပြောတာကြားလာတာပါကွ."
"ဒီနေ့ဝမ်ရိပေါ် ဒီလမ်းကနေ ဟိုဘက်ရွာက အကြွေးတောင်းပြန်လာမှာ"
အပေါ်ကစတစ်အဖြူ အောက်ကစတိုင်ဘောင်းဘီအနက်နှင့်ရှောင်ကျန့်မှာ မြို့ပေါ်ကမင်းသားများသဖွယ် ချောမောနေ၏။မတိုမရှည်ဆံပင်များကိုဂျယ်နှင့်ပုံသွင်းထားပုံမှာ ရှေးခေတ်က မမြဝင်းကို ခေါ်ပြေးတဲ့ ဗိုလ်အောင်ဒင် လိုလို။အမလေး--တစ်ခြမ်းစောင်းအပြုံးကြီး ပြုံးနေတာကိုကြည့်ပီး ကျိုးချန်ခမျာ ဝမ်ရိပေါ်အစားရင်လေးလာမိသည်။
"ဟျောင့်...ဟိုမှာရိပေါ်"
ပြောရင်းဆိုရင်း အပေါ်ကစွတ်ကျယ် ပန်းရောင် ၊အောက်ကမုန်လာဥသဖွယ်ခြေသလုံးဖြူဖြူလေးတေပေါ်တဲ့ ဒူးအတိဘောင်းဘီ အနက်ရောင်နဲ့ ဝမ်ရိပေါ်သည် ရှောင်ကျန့်အပိုင်ကြံမည်ဆိုလည်းကြံချင်စရာ။
"ဟိတ်...ဝမ်အိပေါ်လေး..ဘယ်ကပြန်လာတာလည်း"
"ဘယ်ကပြန်လာလာပေါ့...ရှောင်းလူကြီးနဲ့ ဆိုင်သလား"
နှုတ်ခမ်းလေးထော်ကာအလိုမကျဟန်ပြောလိုက်တဲ့ဝမ်ရိပေါ်ကလေးဟာ ရှောင်ကျန့်မျက်စိထဲတွင်တော့ ဝက်ပေါက်လေး စိတ်ဆိုးနေသလိုပင်။
"အဲ့လိုစကားလုံး စိမ်းစိမ်းကြီးတေနဲ့ ကိုကိုရှောင်းကိုပြောမှဖြစ်မှာလား အိပေါ်လေးရယ်"
"ဒီမှာ..ဒီမှာ ရှောင်းလူကြီး ကျွန်တော့်နာမည်ကို ပီ‌အောင်ခေါ်ပါဗျ အိပေါ် မဟုဘူး ရိပေါ်...အသက်ကဖင်ဆောင့်နေပီကို နာမည် ပီအောင်မခေါ်တတ်သေးဘူး"
"ကိုကိုရှောင်းက ဝမ်အိပေါ် မက်မွန်သီးလေးကိုပဲ ဆောင့်ချင်တာ ..ကျန်တာမသိဘူး.."
"ခင်ဗျား!!!ခင်ဗျားကို ဦးဦးရှောင်းနဲ့တိုင်ပီး ထိတ်တုံးခတ်ခိုင်းမှာနော်...ကိုယ့်ထပ်အငယ်ကိုအနိုင်ကျငိ့တာလို့"
"‌6နှစ်ပဲငယ်တာပါကွာ...ပီးတော့ အနိုင်ကခုမှကျင့်မှာ လာထား"
"အမေ့"
လက်သရမ်းလွန်းသောရှောင်ကျန့်မှာ ဝမ်ရိပေါ်အားဇိုးခနဲဇက်ခနဲ ဖက်ပီး တစ်ပြွတ်ပြွတ်နဲ့ ဖက်နမ်းနေလေတော့သည်။ဘေးကကျိုးချန်မှာသာ ကိုယ်ပျောက်အစွမ်းရနေတဲ့သူလို ပလစ်ခံနေရပီး သူ့ရှေ့မှမရှောင် ပြွတ်နေသောရှောင်ကျန့်ကြောင့် လူပျိုကြီးသူကပဲရှောင်ပေးရတော့သည်။

ရှောင်းသူကြီးသား၏အချစ်ကလေးဝမ်(One short)Where stories live. Discover now