အတိတ်မေ့ ခင်ပွန်း Part 18
"သခင်မ...."
"........"
"သခင်မ......"
".........."
"သခင်မ......"
ယုသော် စာရင်းတွေပြဖို့ရာ ခေါ်နေပါသော်လည်း အတွေးနွံထဲနစ်နေတဲ့ သခင်မက အခုမှ နိုးလာသလို ကြည့်သည်
သူမ ဒီလောက်ထိ သတိလက်လွတ် အတွေးများနေတဲ့ သခင်မပုံစံအား တစ်ခါမှမမြင်ဖူးပါ
"ယုသော်....နင်ငါ့အပေါ် သစ္စာရှိမှာလား...."
ယုသော်မှာ သခင်မရဲ့လေးနက်တဲ့မျက်ဝန်းတွေကြောင့် သူမလည်း လေးနက်စွာ ပြန်ကြည့်လိုက်သည်
"အဲ့ဒီ့ငရဲခန်းထဲကနေသခင်မ ကျွန်မလက်ကိုဆွဲပြီး ခေါ်ထုတ်လာကတည်းက ကျွန်မရဲ့အသက်က သခင်မ အပိုင်ပါ....."
ပန်ပန် ယုသော်ရဲ့ သစ္စာစကားကြောင့် သူမနှုတ်ခမ်းတွေပြုံးသွားရသည်
"ငါ့အတွက်တစ်ခုလုပ်ပေး နှင်းဆီနီကKကိုပါခေါ်သွား...."
"ဘာများလုပ်ပေးရမလဲ သခင်မ....."
"လူတစ်ယောက်ကို နောက်ယောင်ခံပေး...."
"ပစ်မှတ်ကို ပြောလိုက်ပါ....."
"ငါ့ယောကျ်ားဘဲ....."
"ရှင်......"
ယုသော် သခင်မက ဘာကြောင့်များ သာမာန်လူဖြစ်တဲ့ ကိုယ့်ယောကျ်ားကိုယ် နောက်ယောင်ခံစေချင်နေတာပါလဲ
"ပိရိဖို့လိုတယ်......"
"သခင်မ မဟုတ်မှလွဲရော ကိုဒီးက ဖောက်ပြန်နေတာလား....."
ယုသော် သူမအားကျောပေးကာ ရပ်နေတဲ့ သခင်မအားကြည့်မိသည်
"ဟင့်အင်း ဖောက်ပြန်တာထက် ဆိုးတယ် ယုသော်....."
ယုသော် သခင်မစကားအားနားမလည်တော့ပါ
သို့သော် သခင်မရဲ့ မျက်ဝန်းများထဲမှာ မသေချာမှု စိုးရိမ်မှုများအားတွေ့လိုက်ရတာကြောင့် သူမအံ့ဩသွားရတော့သည်သခင်မက ဘယ်တုန်းကမှ စိုးရိမ်တတ်တဲ့သူမျိုးမဟုတ်ဘူးမလား......
................................................................
ယုသော် ယောကျ်ားလေးတစ်ဦးလို ဝတ်စားကာ သူမရဲ့ဆံပင်တွေကို နားထဲညှပ်ထားသည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
عاطفيةစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....