Part_1

2.6K 128 23
                                    

အေဒီ ၁၇ ရာစု...

မှော်ပညာတွေကြီးစိုးတဲ့ကာလမှာ အမ်းမလော့ ဆိုတဲ့ နိုင်ငံကြီးမှာလည်း မှော်ပညာရှင်တွေ, ဘုရင့်အမှုတော်ထမ်းတွေ, ကုန်သည်​တွေ, သာမာန်လူတန်းစားတွေမျိုးစုံနေထိုင်ကြသည်...

အမ်းမလော့က ကြီးမားတဲ့ကျွန်းဆွယ်နိုင်ငံတစ်ခုဖြစ်ပြီး ထိုကျွန်းဆွယ်ပေါ်မှာမှ တောင်တန်းတွေအထပ်ထပ်တည်ရှိနေပြန်သည်...ထိုတောင်တန်းအထပ်ထပ်တွေကြားထဲတွင် အမိုးအချွန်အတက်တွေနဲ့ အဆင့်ဆင့်ဆောက်လုပ်ထားတဲ့ ရဲတိုက်အကြီးကြီးလို့ထင်ရတဲ့ တော်ဝင်နန်းတော်ကြီးမှာ တခမ်းတနားကြီးတည်ရှိနေပြန်သည်...

တော်ဝင်နန်းတော်ကြီးတည်ရှိရာ မြို့ကိုတော့ အမ်းမြို့ဟုခေါ်တွင်လေသည်...ဘုရင့်နန်းတော်ရှိရာမြို့တော်ဖြစ်သောကြောင့် အမ်းမြို့ပတ်ပတ်လည်မှာ အခိုင်အမာတည်ဆောက်ထားတဲ့ မြို့ရိုးကြီးရှိလေသည်...

မြို့ရိုးကြီးရဲ့ အရပ်လေးမျက်နှာဂိတ်တံခါးဝရယ် မြို့ရိုးပေါ်ရယ်မှာတော့ ဒိုင်းနဲ့ဓားကိုကိုင်ဆောင်ထားပြီး သံချပ်ကာဝတ်စုံတွေဝတ်ဆင်ထားတဲ့ ရဲမက်တွေက စောင့်ကြပ်ထားသည်... နန်းတော်ပတ်ပတ်လည်တစ်ခုလုံးကို စောင့်ကြပ်ထားတဲ့ရဲမက်ပေါင်းများစွာလည်းရှိလေသည်...

တိတ်ဆိတ်တဲ့ညသန်းခေါင်အချိန်၌ တော်ဝင်နန်းတော်ကြီးထဲတွင် မီးတုပ်ကိုင်ထားသော လူတစ်ဦးနဲ့ ခေါင်းတွင်သရဖူဆောင်းထားကာ သံချပ်ကာဝတ်ရုံလွှားထားတဲ့လူတစ်ဦးတို့သည် ညရဲ့တိတ်ဆိတ်နေမှုကိုအသုံးချကာ တားမြစ်ဧရိယာဘက်ကိုသွားနေလေသည်....

နန်းတော်အစွန်ဆုံးရှိ အဆောက်အဦးကြီးတစ်ခုထဲသို့ဝင်သွားရာ လှေကားထစ်တွေအတိုင်းဆင်းလာလျှင် တဖြည်းဖြည်း ဂူပုံသဏ္ဍာန်အတွင်းပိုင်းထဲသို့ရောက်လာခဲ့သည်...လမ်းတစ်လျှောက်မှာရှိတဲ့ဆီမီးခွက်တွေကို ထွန်းညှိလာရင်း ဝင်လာကြရာ ဂူအတွင်းပိုင်းအနက်ဆုံးနေရာ၌ရှိသော နဂါးရုပ်ထုကြီးဆီရောက်လာခဲ့သည်...

"ရောက်ပါပြီ အရှင်...”

သရဖူဆောင်းထားတဲ့လူမှာ အမ်းမလော့နိုင်ငံကြီးရဲ့ဘုရင်ဖြစ်သည်...အသက်ဝင်နေတဲ့နဂါးကြီးကဲ့သို့ တောင်ပံတွေဖြန့်ထားတဲ့ပုံစံနဲ့ ဧရာမရုပ်ထုကြီးမှာ စင်စစ် မှော်ပညာတို့ရဲ့နတ်ဘုရား Zu ရဲ့ရုပ်ထုကြီးဖြစ်လေသည်...

💜Destiny of Royal Prince and the blue eyes magician💜Where stories live. Discover now