ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

1.1K 95 0
                                    

Chapter 5 (ပူစီနံ နှင့်သခွားသီးမွှေကြော်)

ယခု သူမ ခေါင်းကိုက်နေရသည်က သူမ ရှောင်မင်ကို ကြိုက်နေမှန်း  ယန်ယိဖေး သိထားတာကြောင့်ဖြစ်သည်။အမှန်တစ်ကယ်တွင်၊မူလပိုင်ရှင်သည် ပြီးခဲ့သည့် နွေရာသီက ဒုတိယမင်းသား ရှောင်မင်၏ အသက်၂၀ ပြည့်မွေးနေ့ ညစာစားပွဲမှာ မြင်မြင်ချင်းပင် ရှောင်မင်ကို ချစ်မိသွားခဲ့သည်။ ထိုအကြောင်းကို အတန်းဖော်များနှင့် သူငယ်ချင်းများကိုလည်း ဖုံးကွယ်ထားခြင်းမရှိပေ။

သို့သော် သူမသည် ထိုစဉ်က ပညာရေးဖိအားများအောက်မှာသာ လုံးပမ်းနေရပြီး အထက်တန်းကျောင်းတက်နေသေးသောကြောင့် ဤအကြောင်းကို လူများစွာ မသိရှိခဲ့ပေ။ ရှောင်မင် သည်လည်း တင်းကြပ်စွာ စီမံခန့်ခွဲထားသည့် အင်ပါယာ၏ ပထမစစ်တက္ကသိုလ်တွင် ပညာသင်ကြားနေသောကြောင့် တွေ့ဆုံခွင့်ပင်မရှိခဲ့ပေ။ မူလပိုင်ရှင်သည် ရှောင်မင် နှင့်ပတ်သက်ချင်နေသော အမျိုးသမီးများကို အဝေးသို့ တွန်းထုတ်ရန် လင်းမိသားစုက အရှိန်အဝါကိုသုံးတတ်သည်။

 

"ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို ချစ်တဲ့သူက ငါ့အစ်ကိုကြီးနဲ့ နာရီဝက်ကြာအောင် မတိုက်နိုင်ဘူးဆိုရင် အစ်ကိုက သူ့ကို ငါ့ရည်းစားအဖြစ်လက်ခံပေးမှာမဟုတ်ဘူး..ပြီးတော့ ရှောင်မင်က ငါ့အစ်ကိုကြီးထက် အများကြီး ပျော့ညံ့တယ်လေ...အဲ့ဒါကြောင့် ငါ သူ့ကို မကြိုက်ဘူးလို့ ဆုံးဖြတ်လိုက်ပြီ"

စစ်နတ်ဘုရား ၏ တင်းကျပ်သော စည်းကမ်းသည် ယခုမှ အမှန်တစ်ကယ် ကောင်းမွန်ကြောင်း လင်းယောင်ယောင် ရုတ်တရက် ခံစားလိုက်ရသည်။ ယန်ယိဖေး အံ့အားသင့်သွားပြီး ပြူးတူးပြဲတဲနှင့်ဆိုလာ၏။

"အမလေး..နင့်အစ်ကိုက အရမ်းဆိုးတာပဲ...ငါ့အစ်မဆိုလည်း စကားလက်နှင်းဆီ တပ်ဖွဲ့ရဲ့ ကပ္ပတိန်ဖြစ်ပေမယ့် သူက ငါ့ကို ဘယ်တော့မှ ဂရုမစိုက်ဘူး... ဟုတ်ပါတယ်....သူမကိုယ်တိုင်က ရိုမန့်တစ်ဆန်လို့လား မသိဘူး...ရည်းစားတွေဆိုလည်း တစ်နေ့တစ်မျိုး ရိုးကို မရိုးရဘူး...ထည်လဲတွဲတာ"

'အိုး… စကားလက်နှင်းဆီ တပ်ဖွဲ့ ရဲ့ တပ်မှူး ယန်ယိမန် ဟာ တစ်ကယ် ရိုမန့်တစ်ဆန်တတ်တာပဲ'

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးDonde viven las historias. Descúbrelo ahora