Prologue

1K 31 4
                                    

Warning:Strong language

"Shiro နှစ်နာရီထောင့်မှာလူရှိ..."

နားကြပ်ကထွက်လာတဲ့ ဟင်နရီ(Henry)ရဲ့အသံရှရှမဆုံးမီ လက်ထဲကကိုင်ထားတဲ့ပစ္စတိုကကျည်က ရန်သူရဲ့နဖူးကိုတည့်တည့်။

"ဒိုင်း"

"ဟေ့ကောင်...ဖြေးဖြေးလုပ်ပါဟ"

ဟင်နရီရဲ့အသံကနားထဲကိုကန့်လန့်ကြီးဝင်လာသည်။သေရေးရှင်ရေးဖြစ်နေပါတယ်ဆိုမှ သူကတစ်မျိုး။

"စောက်အချိန်ဆွဲနေလို့မဖြစ်ဘူး ငါတို့မသတ်ရင်ဟိုဘက်ကငါတို့ကိုပြန်သတ်သွားလိမ့်မယ် အဲ့တော့ ငါတို့ဘက်ကအရင်လက်ဦးမှုယူမှရမယ်"

"အချိန်ဆွဲလို့မရတာသိပေမဲ့ ရန်သူလား ကိုယ့်လူလား အရင်ခွဲအုံးလေကွာ မင်းကလူရိပ်မြင်တိုင်းအကုန်ကိုပစ်နေတော့တာဘဲ နောက်ဆိုဇွတ်မလုပ်.."

"အေးပါကွာ မလုပ်ဘူး ပါးစပ်ပိတ်တော့ နားညီးတယ်"

ဟင်နရီရဲ့တရားဟောမှူကိုမခံနိုင်လို့ ဖြတ်ပြောတော့ သကောင့်သားကပါးစပ်လှုပ်ရုံခပ်တိုးတိုးဆဲရေးသည်။ဒီကောင်ကစောက်စကားအတော်များတာ အခုလိုမှဖြတ်မပြောရင်နှစ်နာရီလောက်တရား‌ဆက်ဟောနေအုံးမှာ။နှစ်ရက်ဆက်တိုက် တိုက်ပွဲကြားမှာ တစ်စက်ကလေးမှမနားရသေးတော့လူကပင်ပန်းနေပါတယ်ဆိုမှ...ဒီမစ်ရှင်ပြီးရင်အိမ်မှာတစ်ဝကြီးနားအုံးမယ်။

အိမ်လို့တွေးမိတော့ လူတစ်ယောက်ကခေါင်းထဲတန်းပေါ်လာသည်။အခုလိုစုတ်ပြတ်သတ်နေတဲ့သူ့ကိုသာတွေ့ရင် ကိုယ့်ကိုယ်ကိုဂရုမစိုက်ရကောင်းလားဆိုပြီး နားရွက်ကိုဆွဲလိမ်ကာဆူပါလိမ့်အုံးမည်။ထိုသူ့အကြောင်းတွေးမိတော့အေးစက်စက်မျက်နှာပေါ်မှာဖြစ်တည်လာတဲ့ အပြုံးနွေးနွေး... တကယ်ပါ သူ့ကိုအခုလိုသေရေးရှင်ရေးကြားမှာပြုံးအောင်လုပ်နိုင်တာဒီလူသားဘဲရှိတယ်

"Shiro....Shiro SHIRO"

ကိုယ့်အတွေးနဲ့ကိုယ်ဖြစ်နေတုန်းဟင်နရီရဲ့အော်သံကြောင့်လူကနားတောင်အူသွားသည်...‌ခွေးသားကစောက်စကားများတဲ့အပြင်vocalလည်းကောင်းသေးသည်။

"ဟင်နရီ မင်းအသံကြီးကပြဲနေတာဘဲ နည်းနည်းလျှော့စမ်းပါကွာ နားတောင်အူတယ် ရန်သူတွေကြားသွားမယ်ကွ"

"ဘယ်ကရန်သူလဲ ဌာနချုပ်ကငါတို့ကိုတပ်ကူလွှတ်ပြီး ရန်သူတွေရှင်းပေးပြီးပြီ ငါမင်းကိုပြီးသွားပြီလို့ပြောနေတာ မင်းသာဘာတွေတွေးနေမှန်းမသိ ပြုံးပြုံးကြီးဖြစ်နေတာလေ"

"ဌာနချုပ်ကတပ်ကူလွှတ်တယ်?ငါတို့သေမှတော့မလွှတ်လိုက်ဘူး ဒီခွေးမ‌သားတွေကတော့..."

ပြောရင်းနဲ့ဒေါသကထောင်းခနဲ "ထိုင်းနယ်စပ်မှာမူးယစ်ဆေးမှောင်ခိုလုပ်နေတယ် မင်းတို့Alpha Teamတာဝန်ယူလိုက် မပြီးမချင်းပြန်မလာနဲ့"ဟု အမိန့်ကျလို့လာခဲ့ပေမဲ့ ရောက်တော့မူးယစ်ဆေးမှောင်ခိုလုပ်နေတာနဲ့မတူ စစ်တိုက်ဖို့စောင့်နေသလိုဘဲ လူအင်အားကတော်တော်များသည် သို့သော်ပြန်လှည့်ဖို့မဖြစ်တော့ရှေ့ဆက်တိုးရာအခြေအနေကဟိုဘက်ကနည်းနည်းသာနေသည်။တိုက်ပွဲစကတည်းကလူအင်အားမမျှလို့ တပ်ကူလွှတ်ပေးပါပြောတာကို လွှတ်ဖို့လူမရှိဘူးပြောပြီးမလွှတ်ပေးလို့ရှိတဲ့ကိုယ့်အဖွဲ့ကလူတွေနဲ့နည်းဗျူဟာမျိုးစုံသုံးကာရအောင်ခုခံပြီးတိုက်ခဲ့ရတာ အခုမစ်ရှင်ပြီးခါနီးမှတပ်ကူကရောက်ချလာသည်...ဒင်းတို့ကအရှက်မရှိပြည်သူတွေကိုသူတို့လုပ်ပေးတာပါဆိုပြီးနာမည်ကောင်းဝင်ယူချင်တာအသိသာကြီး တကယ်တိုက်ခဲ့ရတဲ့ငါတို့Alpha Teamကလူတွေမှအားမနာ
သိတတ်စအရွယ်ကတည်းကနေလာတဲ့ဌာနချုပ်ကိုသံယောဇဉ်ရှိပေမဲ့ အသုံးမကျတဲ့လုပ်ရပ်တွေကိုလုပ်နေတဲ့အထက်လူကြီးတွေကိုတော့စောက်ခွက်ဖြတ်ရိုက်ချင်သည်

စိတ်ပျက်လိုက်တာ...အိမ်ဘဲမြန်မြန်ပြန်ချင်တော့တယ် လာခေါ်တဲ့ ဟယ်လီကော်ပတာ‌ပေါ်သို့တက်ထိုင်ပြီး ကျိန်းစပ်နေတဲ့မျက်လုံးများကိုအနားပေးရန်မှိတ်ထားလိုက်ပြီး ကိုယ့်ဘဝအကြောင်းကိုယ်သာတွေးနေမိတော့သည်

ငါ့နာမည်ကFourth Nattawat အသက်25နှစ်
Alpha Teamရဲ့Captain
မစ်ရှင်တွေလုပ်တဲ့အခါမှာနာမည်အရင်းတွေခေါ်ရင်အန္တရာယ်များလာနိုင်တာကြောင့် အလုပ်ထဲမှာဆိုငါ့idကShiroဖြစ်သွားသည်။ငါ့အကြောင်းကထွေထွေထူးထူးပြောစရာမရှိပါဘူး မိဘမဲ့ ဆွေးမျိုးသားရင်းမရှိ မက်မောစရာဘာတစ်ခုမှမရှိတဲ့ တစ်ကောင်ကြွက်ဘဝကြီးဖြစ်သည်။ငယ်ငယ်ကတည်းကဘယ်အရာကိုမှလောဘမတက်မိပေမဲ့ အခုငါအရမ်းပိုင်ဆိုင်ချင်တဲ့လူတစ်ယောက်ရှိတယ် ကြမ်းတမ်းတဲ့ငါ့ဘဝထဲမှာတော့သူကငါအရမ်းတန်ဖိုးထားရတဲ့ပန်းကလေး

ထိုလူ့နာမည်ကGemini Norawit...

_________________________________________

ဒါလေးကFourthGeminiပါနော် မြန်မာမှာ‌ရောinternationalဘက်မှာရောFG‌ရေးတဲ့သူနည်းလို့ရေးတာပါ
FGမကြိုက်တဲ့သူမဖတ်လို့ရပါတယ် ကျော်လို့ရပါတယ် သို့သော်ကလေးနှစ်ယောက်ကိုထိပါးပုတ်ခတ်ဆဲဆိုတာမျိုးလုံးဝခွင့်မပြုပါ❌

Sunflower and His Peony(FourthGemini)[Discontinued]Where stories live. Discover now