အတိတ်မေ့ ခင်ပွန်း Part 19
"သွားတော့ ညီမလေးကို ခေါ်ပြီး ပြေးတော့"
"အဖေတို့ကိုထားပြီး မသွားနိုင်ဘူး...."
"စစ်မင်းနွယ်...."
ဦးလရောင် သူ့မွေးစားသားအား သတိပေးသလိုခေါ်ခဲ့ပေမဲ့ သူ့သမီးဟာလည်း သူတို့ကို ထားမသွားနိုင်ပါလို့ပြောနေသည်
"ဟုတ်တယ် ပန်ပန်လည်း မေမေတို့နဲ့အတူနေမယ်......"
ထိုစဉ်မှာဘဲ ခပ်ဝေးဝေးက အနက်ရောင်ကားသုံးစီးက မီးရောင်တဝင်းဝင်းလိုက်လာနေတာကိုတွေ့လိုက်ရသည်
"စစ်မင်းနွယ် ငါ့သား...."
ဦးလရောင်ဟာ စစ်မင်းနွယ်ရဲ့ သေချာကြည့်လိုက်သည်
"မင်းညီမလေးကို စောင့်ရှောက်ပေးပါ သူမက မင်းကိုလိုအပ်တယ်...."
စစ်မင်းနွယ် ဦးလရောင်ရဲ့ ဖခင်မေတ္တာများအား မြင်သော အခါ သူပန်ပန်ကို ပုခုံးပေါ်တင်လိုက်သည်
"ဟင့်အင်း မသွားဘူး ပန်ပန်မသွားဘူး....."
စစ်မင်းနွယ် ရုန်းကန် ထုရိုက်နေတဲ့ ပန်ပန်အား လစ်လျူရှုကာ ကားလမ်းမပေါ်ကနေ ဆင်းပြီး သစ်ပင်တွေထဲ နောက်မလှည့်တမ်း တိုးဝင်ခဲ့တော့သည်
ပန်ပန်မှာ ၁၃နှစ်အရွယ်သာ ရှိနေသော်လည်း လေ့ကျင့်မှုများကြောင့် သန်မာနေရာ သူထိန်း၍ ချလိုက်သည်
"ညီမကိုလွှတ် အကိုကြီး...."
"အငယ်လေး အငယ်လေး ဟေးး ကိုယ့်ကိုကြည့်....ကိုယ့်ကိုကြည့်..."
စစ်မင်းနွယ် မျက်ရည်တွေပြည့်နေတဲ့ မျက်နှာလေးအား သူ့လက်ဖဝါးထဲတွင်ထည့်ကာ ကိုင်လိုက်သည်
"အငယ်လေး ကိုယ် ပြန်သွားလိုက်မယ် အဲ့တာကြောင့်မို့လို့ ဒီကနေ စောင့်နေပေး...."
"ဟင့်အင်း...."
"အငယ်လေး......"
သူထိုသို့အော်လိုက်တော့ ပန်ပန်က မျက်နှာငယ်လေးနဲ့ ငြိမ်ကျသွားသည်
"ကိုယ့်ကို ယုံတယ်မလား...."
ပန်ပန်ဟာ တွေဝေနေပေမဲ့ ခေါင်းငြိမ့်သည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romantikစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....