အတိတ်မေ့ ခင်ပွန်း Part 20
ပန်ပန် အခန်းထဲမှာ အိပ်စက်နေတဲ့ ထင်ထင်လေးအား ကြင်နာတဲ့ မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ အမျိုးသမီးကြီးကို ကြည့်နေမိသည်
သူမ ချမ်းအား မျက်နှာရိပ်မျက်နှာကဲ ပြကာမေးတော့ ချမ်းက သက်ပြင်းချသည်
"ကိုယ့်မှာအဘွားရှိမှန်း ပြောဖို့မေ့နေတာ...."
ပန်ပန် ချမ်းစကားကြောင့် မနေ့တနေ့ကမှ နဂါးနက်သခင်မှန်းသိလိုက်ရတဲ့ သူမယောကျ်ားရဲ့ အိမ်တွင်းအခြေအနေကို ပြန်တွေးရသည်
ချမ်းအဖေက ချမ်းငယ်စဉ်ကတည်းက ဆုံးပါးသွားပြီး ချမ်းရဲ့အမေမှာတော့ ချမ်းလူပျိုအရွယ်တွင် ဆုံးသွားခဲ့သည်
နောက်ပြီးတော့ နဂါးနက်သခင်ဆိုတဲ့ သွေးအေးတဲ့လူသားကိုတော့ ဒေါ်မြင့်မိုရ်ခေါင်ဆိုတဲ့ အမျိုးသမီး ချမ်းရဲ့အဘွားပေါ့.........
ချမ်းရဲ့အဘွားဟာ ချမ်းကို နဂါးနက် ပလ္လင်ပေါ် တင်ပေးခဲ့ပြီး သွေးအေးရက်စက်စေခဲ့သည်
ပန်ပန် သူမကို ကြင်နာစွာကြည့်နေတဲ့ ချမ်းကို ပြန်ကြည့်မိရာ နည်းနည်းလေးမှ သွေးအေးရက်စက်တတ်ပုံပေါ်မနေပါ
'သူမယောကျ်ားရဲ့ သတင်းတွေက အမှန်ဟုတ်မနေပါဘူးနော် ဒီလောက် သဘောကောင်းကြင်နာနေတာကို.....'
သို့သော် ပန်ပန်မသိခဲ့တာက ချမ်းရဲ့ ကြင်နာမှုနဲ့ အစစ်အမှန်တွေဟာ သူမနဲ့ ထင်ထင်လေးအတွက်သာ ဖြစ်သည်လို့ပင်......
"ကဲ နှစ်ယောက်လုံးအိပ်ကြတော့ မြေးချွေးမလေးနဲ့က မနက်မှ စကားပြောမယ် ငါလည်း ပင်ပန်းနေပြီ...."
ချမ်းရဲ့အဘွားမှာ ပြောချင်တာတွေပြောပြီး သူမတို့နှစ်ယောက်အား လစ်လျူရှုကာ ကိုယ့်အခန်းကိုယ်ဝင်ပြီး တံခါးပိတ်သွားတော့သည်
ပန်ပန် ချမ်းအား မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာကြည့်မိတော့ ချမ်းက သူမအား သူ့ရင်ခွင်ထဲဆွဲသွင်းသည်
"ဒါဆို ကိုယ်တို့လည်း ပြန်စကြရအောင်....."
ဒီပယံ မျက်လုံးများမှိတ်ကာ နမ်းရှိုက်လိုက်ပေမဲ့ သူ ပန်ပန့်ရဲ့ နှုတ်ခမ်းအစား သူမရဲ့လက်တွေကိုသာ နမ်းရှိုက်မိသည်

YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....