Pt.17

872 99 42
                                    

💬 ဆော့ဂျင် သတိပြန်ရလာပြီ

Group Chat ထဲမှ msg တွေ့တွေ့ချင်း ဂျောင်ကုရောက်ရာအရပ်မှ ကားကိုပြန်လှည့်ကာ ဆော့ဂျင်ရှိရာဆေးရုံသို့ အလျင်အမြန်လာနေသည်...

ဆော့ဂျင်ရှိနေမည်ထင်သော အခန်းထဲသို့၀င်ကြည့်သော်လည်း မတွေ့သောကြောင့် အနားတွင်တွေ့သော သူနာပြုဆရာမလေးကိုမေးကြည့်ရာ ဆေးရုံခေါင်မိုးထပ်ရှိ ပန်းခြံထဲ၌ သွားထိုင်နေတာ ဖြစ်လောက်သည်ဟု ပြောလိုက်သည်...

သူ အပေါ်ထပ်ကို အမောတကော ပြေးတက်လာသော်လည်း ဆော့ဂျင်ကိုမတွေ့သောကြောင့် အောက်ထပ်ကို ပြန်ပြေးဆင်းရန်အလုပ်တွင်...

"ဂျောင်ကု"

သူ့သွေးများ အေးခဲသွားသလိုပင်...

"Taehyunggie hyung?"

သူရှိရာသို့ တလှမ်းချင်း လျှောက်လာသောထယ်ယောင်း...

အကြည့်များက နက်မှောင်စူးရှနေသလောက် တည်တည်ငြိမ်ငြိမ်ပင်... သူ့ရှေ့တည့်တည့်ရောက်တော့ သူနှင့်မျက်လုံးချင်း ဆုံကြည့်ကာ..

"မင်းငါ့ကိုပြောစရာမရှိဘူးလား"

ဂျောင်ကု လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ပြီး သက်ပြင်းတချက်ချကာ..

"ဘာပြောရမှာလဲ.. ကျွန်တော် hyungကိုမြွေပေါက်မှာသိသိကြီးနဲ့ အသိမပေးတာကိုလား"

"မင်း..တကယ်ပဲ..."

ဘယ်လောက်ပဲ တည်ငြိမ်နေအောင် ကြိုးစားနေပါစေ ဂျောင်ကု၏တုံ့ပြန်မှုသည် ထယ်ယောင်းကို ဘာမှဆက်မပြောနိုင်လောက်အောင် ဆွံ့အသွားမိစေသည်...

"ဟုတ်တယ်... ကျွန်တော်ဆော့ဂျင်ကို hyungဘေးကနေ မရ,ရတဲ့နည်းနဲ့ ဆွဲထုတ်ချင်တာ"

"ဘယ်လိုတွေတောင် မင်း..."

"ကျွန်တော်နောင်တမရဘူး.. သေချာတယ် ကျွန်တော် နောက်တခါ အခွင့်အရေးထပ်ရရင်လဲ ဒီလမ်းကိုပဲရွေးမိမှာ.. ကျွန်တော်ဆော့ဂျင်ကို hyungဆီကနေ ပြန်လုမှာ"

ထိုစဉ်...

"ငါက ဘယ်တုန်းကမှ မင်းအပိုင်မဟုတ်ခဲ့ဘူး"

သူတို့နှစ်ယောက်စလုံး အသံလာရာကြည့်လိုက်တော့ ဆော့ဂျင်ရယ်လေ...

The Curse [taejin] ✅Where stories live. Discover now