" မောင်ရေ..."
ကုတင်ပေါ်မှာ မှီကာ စာဖတ်နေသည့်အချိန် ဂျဲန်းနီရဲ့ခေါ်သံကိုကြားလိုက်ရသည်။ လီဆာမထူးမိပေ ။ ခေါင်းမော့ကာသာတစ်ချက်ကြည့်ပြီး စာအုပ်ဖတ်တာအရှိန်တက်နေသဖြင့်စာအုပ်ကိုဆက်၍ ဖတ်နေလေသည်။" မောင့်.."
အသံခပ်ပြတ်ပြတ်ဖြင့်နောက်တစ်ခါခေါ်လိုက်တော့ လီဆာမထူးလို့မရတော့။ ဒီထက်မထူးပဲနေလျှင် ချစ်ဇနီးက စိတ်ကောက်တော့မည်ဖြစ်သည်။
ဖတ်လက်စ စာအုပ်ကိုဘေးချကာ ကုတင်ပေါ်မှဆင်းလိုက်ပြီးဂျဲန်းနီထိုင်နေသည့် အနားသို့သွားကာ နောက်ကျောကနေဖက်၍ အနမ်းလေးပေလိုက်သည်။"ပြောပါမောင့်အချစ်ရေ...မောင်ရှိနေပါတယ်"
"မောင်ကလေ စာအုပ်ဖတ်နေပြီဆိုရင် ဂျဲန်းကိုတောင် ဂရုမစိုက်ဖူး"" စာအုပ်ထဲစိတ်ပါသွားလို့ပါ အချစ်ရဲ့ ပြောပါဦး မောင့်မိန်းမဘာလုပ်ချင်လို့လဲ"
" ဂျဲန်းကိုဖက်ထားပေး...အနားမှာအတူရှိနေပေမယ့်...မောင်ကစာအုပ်ပဲဖတ်နေတော့ ဝေးနေသလိုခံစားရလို့ "
ကလေးလိုမျိုး နှုတ်ခမ်းလေးဆူကာချွဲသော ချစ်ဇနီးကြောင့် လီဆာအချစ်ပိုရပြန်သည်။ ဂျဲန်းနီရဲ့လက်ကလေးကိုဆုပ်ကိုင်ကာ မတ်တပ်ရပ်စေလိုက်သည်။ ထို့နောက် ဂျဲန်းနီထိုင်နေသောခုံနေရာတွင် လီဆာဝင်ထိုင်လိုက်ပြီး ဂျဲန်းနီကိုတော့ လီဆာ့ပေါင်ပေါ်တွင်ပြန်ထိုင်ခိုင်းလိုက်သည်။
လီဆာ့ပေါင်ပေါ်တွင်ထိုင်လိုက်ပြီး ရင်ခွင်ထဲသို့ဝင်ကာ လည်ပင်းကိုလည်းတင်းကျပ်စွာဖက်ထားသော ဂျဲန်းနီကြောင့် လီဆာအလိုက်သင့်ပြန်ဖက်ထားလိုက်လေသည်။
" ဂျဲန်းက ဒီကိုခဏပဲလိုက်လာရတာလေ"
" အင်း..."
" နောက်ရက် အိမ်ပြန်သွားတဲ့အခါကျ မောင့်ကိုလွမ်းနေတော့မှာပဲ "
" မောင်လည်း အချစ်ကိုလွမ်းနေတော့မှာသိလား "
ဂျဲန်းနီရဲ့ပါးမို့မို့လေးကိုနမ်းကာ လီဆာဖြေလိုက်သည်။ အရင်ကတည်းက လီဆာနှင့်ဆိုလျှင် ဂျဲန်းနီကအချွဲလေး၊ အခုလိုကိုယ်ဝန်ရှိလာတော့အရင်ကထက်ပိုချွဲလာသည်။ လီဆာလည်း သူမနဲ့ခွဲမနေချင်။ အလုပ်တွေကလည်းပစ်ထားလို့မရသည့်အခြေအနေမလို့သာ ဂျဲန်းနီရှိသည့်မြို့နှင့် လီဆာတို့နယ်မြို့လေးကိုသွားချည်လာလှည့်လုပ်ဖို့ရွေးချယ်လိုက်ရတယဖြစ်သည်။

YOU ARE READING
You're all I want (Completed)
Fanfictionကျွန်မအတွက်တော့ အချစ်ဆိုတာ ဂျဲန်းနီကင်မ်ပဲ သူပျော်ရွှင်ဖို့အတွက်ဆို အရာအားလုံးကိုစတေးရဲတယ် လာလီဆာမာနိုဘန်