"ဟေး ငါလာပြီကွ" စကားသံနဲ့အတူ အပြေးလေးလှမ်းလာသော Kim Sunoo
"ဟာ ဖြေးဖြေးလာပါကွ Sunoo ရ"
"မရပါဘူး Heesung hyung ရဲ့ university first day လေးမှာ သူများထက်နောက်မကျအောင် မြန်မြန်သွားမှရမယ်"
"ကဲ ပြောပါအုံး ဘာတွေနောက်မကျချင်တာလဲ"
"ဟီး.... အရင်ဆုံးကတော့ ကန်တင်းပေါ့" မချိသွားဖြဲလေးနဲ့ပြောလာသော အမောင် Sunoo ရယ်ပါ
အော် ကိုယ့်မှာတော့ အတန်းနောက်ကျမှာစိုးလို့ထင်လိုက်မိတာ။ငါ့အမှားပါ
Kim Sunoo အကြောင်း မသိတာလည်းမဟုတ်။အစားနဲ့ အအိပ်မှလွဲ ဘာမှ စိတ်မ၀င်စား။ကိုယ့်ညီအကြောင်း ကိုယ်သာလျှင် အသိဆုံးပါ။
(အေးပေါ့ သိမှပေါ့ သူလည်း အအိပ်သည်သာ ပဓာနကို 😂)
"ကဲ ဒါဆိုလည်းသွားကြတာပေါ့ jungwon နဲ့ Jake ကစောင့်နေလောက်ပီ"
"ဟုတ် သွားကြမယ်လေ "
အရှေ့မှ လုံးလုံးလုံးလုံးနဲ့ မပြေးရုံတမယ် လျှောက်နေတဲ့ ကောင်ငယ်လေးအားကြည့်ရင်း Heesung တစ်ယောက် သက်ပြင်းသာချလိုက်မိတော့သည်။
စိတ်ထဲမှာတော့ ရင်တမမနဲ့
အဲ့ကောင်လေး ဘယ်ချိန် ထခလုတ်တိုက်မလဲလို့တွေးရင်းပေါ့
တွေးလို့တောင်မဆုံးသေးပါဘူး
ကိုယ်တော်ချောက သူ့ပုဆိုးစသူ တက်နင်းပြီး အရှေ့ကို ဟပ်ထိုးလဲပြီး မျက်နှာနဲ့ မြေကြီးမိတ်ဆက်မယ့်ဆဲဆဲ သူနဲ့မလှမ်းမကမ်းက လာနေတဲ့ ကောင်လေးတစ်ယောက်က လှမ်းထိန်းပေးလိုက်တာကိုတွေ့လိုက်ရတယ်
အမယ် ကိုယ်ကတော့ စိတ်ပူပြီး အပြေးတစ်ပိုင်းလေး သွားလိုက်ရတာ
ဒင်းတို့နှစ်ယောက်ကတော့ အကြည်စိုက်နေကြတာဟေ့ မပြောလိုက်ချင်ဘူး
"အဟမ်း...."
ကိုယ်အသံကြားမှပဲ သူတို့နှစ်ယောက်က သတိ၀င်လာကြတော့တယ်
"ဒီက ကူညီပေးလို့ကျေးဇူးပဲနော် Kim Sunoo ကျေးဇူးစကားလေး ဘာလေး ပြောလိုက်အုံးဟ"
ဒင်းက အသိမ၀င်သေးပါဘူး အငေးကောင်းနေတုန်း။
ဖတ်ကနဲဆို ကျောကိုပုတ်လိုက်မှပဲ
"ဟာ ဒီက အကို့ကို ကျေးဇူးတင်ပါတယ်ဗျာ ကံကောင်းလို့ ကိုကို အယ် အကိုရှိနေလို့ပေါ့ နို့မို့ဆို မြေကြီးနဲ့မျက်နှာနဲ့ လင်မယားဖြစ်တော့မလို့ "
"အင်း ရပါတယ် ကျေးဇူးတင်တယ်ဆိုလည်း မုန့်လိုက်ကျွေးလည်း ကိုယ်ကလက်ခံပါတယ်"
"ဗျာ"
"အယ် ကြည့်ရတာ ဒီညီလေးကမကျွေးချင်ပုံပဲနော်"
"ဗျာ အယ် အဲလို မဟုတ်ရပါဘူးဗျ ကျွန်တော်ကျွေးမှာပါဗျ ရုပ်လေးလည်းချော စေတနာလည်းပေါတဲ့ Kim Sunoo လေးပါဗျ"
အပြုံးနုနုလေးနဲ့ စကားဆိုလာသော ချာတိတ်အား ကြည့်ရင်း Sunghoon ရဲ့ရင်တွေတလှပ်လှပ်ခုန်လာမိတော့သည်
ဒီပုကျိလေးက ဘာလေးလဲကွာ အရမ်းချစ်ဖို့ကောင်းတာပဲ
"ဟား ဟုတ်ပါပီကွာ အကိုက Park Sunghoon ပါ အကိုက dental second year ပါ"
"ဟာ အကိုက ကျွန်တော်တို့ senior ပဲ"
"ပုကျိက first year ပေါ့"
"ဟုတ် ဒါနဲ့ဘာလို့ ကျွန်တော့ကို ပုကျိလို့ခေါ်တာလဲ ကျွန်တော်က ကလေးမဟုတ်တော့ပါဘူးဗျ"
"အင်း သိတယ်လေ ချစ်စရာကောင်းလို့ခေါ်တာ မကျေနပ်ရင် ကိုယ့်ကိုလည်း ကိုကိုလို့ခေါ်ပေါ့"
ဘေးမှာရှိနေတဲ့ Heesung နဲ့ jay ပါ မျက်လုံးတွေပြူးကုန်တော့သည်
ကာယကံရှင်ဖြစ်တဲ့ Kim Sunoo ဆိုပြောမနေပါနဲ့တော့ မျက်လုံးလေးကလယ်ကလယ် ဖြစ်နေပြီ 🤭
"ဟား ဟား ကိုယ်ကစတာပါကွာ မလန့်ပါနဲ့ ကိုယ့်ကို ပုကျိသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးအုံးလေ "
"ဟုတ် ဒါကတော့ Heesung ပါ ကျွန်တော်နဲ့က ညီအကိုတွေပါ"
" အရင်းလား"
"ဟုတ် ကျန်တဲ့သူငယ်ချင်းတွေကတော့ ကန်တင်းမှာစောင့်နေပါတယ်"
"ဒီဘက်ကတော့ jay သူနဲ့ကိုယ်က နယ်ကနေတူတူထွက်လာပြီး ဒီမှာ အလုပ်လုပ်ရင်းနဲ့ ကျောင်းတက်ပေါ့ကွာ "
"ဟုတ် တွေ့ရတာဝမ်းသာပါတယ်ဗျ တွေ့တုန်းဆုံတုန်းလေး ကျေးဇူးတင်လို့ ကျွန်တော် မုန့်ကျွေးပါရစေ"
"ရပါတယ် ကိုယ်က စလိုက်တာပါ နောက်တစ်ခါထပ်ကြုံအုံးမှာပါ နောက်မှပေါ့ကွာ ကဲ see u နော်"
YOU ARE READING
ချစ်ခြင်းအစ အပြုံးတစ်ပွင့်က
Fanfictionပျာတိပျာယာ Kim Sunoo နဲ့ သူ့အလိုအကုန်ဖြည့်စည်းမယ့် Park Sunghoon ကိုယ့်အတွက်က ချစ်ခြင်းတရားက အရှုံးများတယ်ထင်ပေမယ့် မင်းကပြောင်းလဲပေးခဲ့တာပဲ (Park Sunghoon) ကိုကို့အတွက် အလုပ်တွေကြိုးစားပြီး ကိုကို့ကို ထောက်ပံ့ပေးမယ် (Kim Sunoo)