အပိုင်း - ၁၄၈ (မင်း ဘာလိုချင်တာလဲ )

2.7K 547 100
                                    


အပိုင်း - ၁၄၈ (မင်း ဘာလိုချင်တာလဲ )

(အိုက်ချင်းကို အလုပ်ထွက်ခွင့် မပြုဘူး )

ခဏကြာသော် ကျောက်ယွဲ့မှာ လက်ထဲ ဖရဲသီးတစ်လုံးပိုက်ပြီး ဝမ်းလျိုနျဲန်နှင့်အတူ အိမ်ပြန်လာ၏။ ဝမ်းလျိုနျဲန်ကမူ ပျော်ရွှင်မြူးတူးနေလျက်။

"မီးဖိုချောင်မှာ ဒီဟာ သွားလှီးရအောင်"

ကျောက်ယွဲ့ ရယ်မောလိုက်သည်။

"ညစာစားပြီးမှစားမယ်လို့ သဘောတူထားတာနော်"

"အဲ့ထိ မစောင့်နိုင်ပါဘူး။ အခု သွားလှီးမယ်"

"တစ်စိတ်ပဲ ရမယ်နော်။ တောင်သခင်ယဲ့က မင်းကို အများကြီးစားခွင့်မပြုထားဘူး"

"တစ်ခါကို တစ်စိတ်ပဲစားကြတာပေါ့"

လုံးလုံးမစားရတာထက်စာရင် တော်သေးတယ်လေ။

သို့နှင့် နှစ်ယောက်သား စကားတပြောပြောနှင့် ရယ်မောပြုံးပျော်နေကာ မီးဖိုချောင်ဘက်သို့ လျှောက်လှမ်းသွားသည်။ သို့သော် လမ်းခုလတ်မှာပင် ဝူယင်းမှ လာရောက်တားဆီးလာ၏။

"အမေ့ - "

ဝမ်းလျိုနျဲန် အံ့ဩသွား၏။

"မပူပါနဲ့၊ အမတ်မင်း။ ဘုရင့်သက်တော်စောင့်တွေကို ကျွေ့ယင်ကလူတွေ အာရုံလွှဲ‌ေပးထားပါတယ်၊ ကျွန်တော့်နောက် လိုက်မလာနိုင်ပါဘူးခင်ဗျာ။ အခုလာတာ အမှာစကားလာပါးဖို့ပါ။ ဒီည သူ့ဆီ လာ‌ေတွ့ပါလို့ လူကြီးမင်းဘက်ကနေ သခင်လေးဆီ စကားလာပါးခိုင်းထားပါတယ်"

ဝမ်းလျိုနျဲန်မှာ မျက်မှောင်အနည်းငယ်ကြုတ်သွား၏။

"ဘာအကြောင်း ပြောကြမလို့တဲ့လဲ"

"ကောင်းတဲ့ကိစ္စပါ"

"ကောင်းတဲ့ကိစ္စပါဆိုတာ ဘာကိုဆိုလိုတာလဲ"

"သခင်လေးလာရင် သိရပါလိမ့်မယ်"

ထို့နောက် ဝူယင်းက နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ဂါရဝပြုလာ၏။

"ခွင့်ပြုပါဦးခင်ဗျာ"

ဘာမှ ထပ်မမေးနဲ့တော့။ တကယ် ဘာမှမသိဘူး။

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]Where stories live. Discover now