The Unexpected Love

2K 146 8
                                    

Unicode

"မောင် ငါ့မျက်မှန်တွေ့မိလား"

"မတွေ့မိသလိုလိုပဲ"

"မောင်ရာမပြောင်နဲ့ကွာ၊ ပြန်ပေး"

မျက်နှာဘေးက ပြောင်ချော်ချော်နဲ့မလို့ ငနဲလေး မဖွက်ထားဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်။ ရေမချိုးခင် စာအုပ်စင်ပေါ်တင်ခဲ့တာကို ပျောက်သွားတယ်ဆိုတော့ တရားခံက ကိုယ်တော်ချောပါပင်။

"Min နော်"

"မျက်မှောင်ကြီး မကျုံ့ထားပါနဲ့ဗျာ၊ ဒီလူ့အသည်းက နုတယ်ဗျ"

"မောင်!!"

"ကယ်ကယ် အသံတွေလည်းဝင်ကုန်တော့မယ်၊ ဟုတ်ပါတယ်ခင်ဗျာ၊ ဒီကဝန်နူလေးရဲ့ မျက်မှန်ကို မောင်က ဖွက်ထားပါတယ်။ တွေ့အောင်ရှာမလား၊ အနမ်းလေးပေးပြီး ပြန်ယူမလား"

"လူလည်"

"မလည်ရင် မင်ဂယု မဟုတ်"

"တွေ့အောင်ရှာမယ် "

"ရှာစေဗျာ"

ကျွန်တော် တစ်အိမ်လုံးကို ပြောင်းပြန်လှန်ပစ်ရုံမတတ်ရှာပါသည်။ ခပ်ရှက်ရှက်ဖြင့် ယုတ်စွအဆုံး ဝန်ခံရရင် ရေခဲသေတ္တာထဲပါ ခေါင်းဝင်ရှာကြည့်မိပါသည်။ ဟုတ်သည်လေ၊ မောင် ဆိုတဲ့ကောင်က မထင်ရင်မထင်သလို လုပ်လုပ်ချတာ။ တကယ့် ငနဲ။ ရေခဲသေတ္တာထဲလည်း ပစ်ထည့်ထားရင် ထည့်ထားမှာ။ သိုငြား မတွေ့ပါ။ ငနဲကလည်း နပ်တယ်။ အရိပ်အမြွက်တောင်မပေး။ ဖွက်ထားတဲ့နေရာကို မျက်စတောင်မပစ်ပြ။ စိတ်ပျက်လက်ပျက်နဲ့ပဲ ဆိုဖာပေါ်သွားထိုင်ရင်း...

"ငနဲ ပြန်ပေးကွာ"

"ငနဲ မဟုတ်ဘူး။ မောင် မောင် ဝန်နူ လေးရဲ့မောင်"

"..."

"ရှာနေတာ အခုပဲ နာရီဝက်လောက်ရှိနေပြီ၊ တွေ့သလားပြော။ အနမ်းလေးပေးတာ ခဲယဉ်းသလား မောင့်အချစ်ရဲ့"

"မင်းလစ်လိုက်တော့"

"ဘယ်ကိုလဲ ဝန်နူးလေး ရင်ခွင်ထဲကိုလား"

ပြောလည်းပြော၊ ရင်ခွင်ထဲအတင်းတိုးဝင်လာတဲ့ ငနဲ။ တကယ်လက်မြှောက်ရပါပေတယ်။ အရှေ့ကရှည်နေတဲ့ဆံပင်နက်နက်တွေကို ကြက်တောင်စီး စီးထားတာကြောင့် အမြင်ကတ်ကတ်နဲ့ ဆွဲထည့်လိုက်တော့ ရင်ခွင်ထဲကကောင်က အသံနက်ကြီးနဲ့ အော်ပါလေရော။ ပြီးတော့လည်း ခပ်ပြုံးပြုံးနဲ့။ တကယ့်ကောင်၊ ပြောကိုမပြောချင်ဘူး။ မျက်နှာလေးကြည့်ကောင်းနေလိုသာပဲ၊ ကျပ်ကသိပ်ပြည့်တာမဟုတ်။ ငပေါ၊ ဂျလွတ်ပလွတ်လေး။

"The Unexpected Love" (One Shot)Where stories live. Discover now