☀︎︎♡︎☀︎︎

434 61 13
                                    

-One Love Story in Summer-

၂၀၀၅ ခုနှစ်၊ နွေကျောင်းပိတ်ရက်။

လမ်းသွယ်တစ်ခု၏စတိုးဆိုင်လေးတစ်ဆိုင်မှ ရုပ်မြင်သံကြားဖွင့်ထားသံကိုကြားနေရသည်။ အလှည့်ကျလာနေသည့်အစီအစဉ်က မိုးလေဝသအစီအစဉ်တစ်ခု။

~ ယခုနှစ်တွင် ဇူလိုင်လ၌အပူချိန်အမြင့်ဆုံးရောက်ရှိမည်ဟုခန့်မှန်းနေကြပြီး ခန့်မှန်းအပူချိန်မှာ  24°C မှ 28℃ ထိရှိနေသည်ဟုခန့်မှန်းရရှိပါသည်........~

" အား.. အရမ်းပူတာပဲနော် ဆယ်ဟွန်းနီး.. ဘာလိုလိုနဲ့ နွေကျောင်းပိတ်ရက်တောင်ကုန်တော့မယ် "

" အင်း "

" ရေခဲမုန့်ဝယ်ကျွေးထားတယ်နော်... မေမေတို့ပြန်မေးရင် မမက ဆယ်ဟွန်းနီးနဲ့တူတူဆော့ပေးတယ်လို့ဖြေရမယ်နော် ... ကတိ!"

" အင်း.. ကတိ" 

မိမိထက် အသက် (၆) နှစ်ကြီးသောအစ်မဖြစ်သူက အတင်းဆွဲခေါ်လာသည်မို့ ဆယ်ဟွန်းသိပ်တော့မကြည်။ အိမ်ကိုလွန်ဆန်လို့မရတာကြောင့် ဂျစ်တစ်တစ်လိုက်လာတော့ မမက ဆယ်ဟွန်းကိုပျော်စေရန် ရေခဲမုန့်ကျွေးသည်။ ပြီးလျှင် ပန်းခြံရောက်တဲ့အခါ သူ့သူငယ်ချင်းမမအသစ်တွေနဲ့ပဲသွားဆော့နေမည်ကို ဆယ်ဟွန်း
မပြောလည်းသိပြီးသားဖြစ်၏။

ပန်းခြံထဲတွင်အလွန်ဆူညံလွန်းသည်။ ကလေးချင်းအတူတူ ဆယ်ဟွန်းက ခုန်ပေါက်ဆော့ကစားရတာကို သိပ်မကြိုက်ပေ။ ငြိမ်ငြိမ်လေးစာဖတ်နေရတာ၊ ပန်းချီဆွဲရတာမျိုးတွေကို ပိုသဘောကျသည်။ အိမ်တွင်းပုန်း ကုတ်ကုတ်လေးနေတတ်သည်မို့ အသက်(၇)နှစ်ပေမဲ့ ကြီးထွားသင့်သလောက် မကြီးထွားဘူးဟု လူကြီးမိဘများက သူ့ကိုပြောဆိုလေ့ရှိသည်။ သူ့မှာကယ်ဆီယမ်နှစ်ဆပါဝင်တဲ့နို့ကို နေ့တိုင်းသောက်နေသော်လည်း အရပ်ရှည်လာသည်ဟူသော ချီးကျူးသံကိုမကြားရသေးပေ။

သိပ်မဆူဘူးဟုထင်ရသော ခြုံကွယ်လှေကားထစ်တစ်ခုမှာ ဆယ်ဟွန်းငုတ်တုတ်ထ်ိုင်နေရင်း အရည်ပျော်လာလုနီးပါးဖြစ်နေသော ရေခဲမုန့်ကိုကြည့်နေမိသည်။ ထိုစဉ်မှာပဲ ဝှစ်ဆိုသူ့နဖူးတည့်တည့်ကို လာမှန်သောအရာတစ်ခု။ ထိုအရာက သူ့နဖူးနှင့်မိတ်ဆက်ပြီးနောက် ရေခဲမုန့်ခွက်ထဲကျသွားသည်။ သေချာကြည့်လိုက်တော့ ခေါင်းကအဖြူ အမြှီးဖြူထောင်ထောင်နှင့်။ မူကြိုကျောင်းမှာ သင်လာသလောက်တော့ ဒီအရာက ကြက်တောင်တစ်ခုမှန်း ဆယ်ဟွန်းသိလိုက်သည်။

One Love Story in SummerWhere stories live. Discover now