Part-13

259 18 3
                                    

Unicode




" Leo?"

" ခင်ဗျာ"

" မင်းနာမည် Leo မလား"

" အင်း အာ.... ဟုတ်"

" ဘာတွေလုပ်နေတာလဲ"

" ဟို ကျွန်တော် သခင်ကြီးက ဒီနေ့ကိုနားခိုင်းထားလို့ အခန်းထဲမှာ နားနေရင်းက အခုညနေလည်းရောက်တော့ ပျင်းလာလို့ အိမ်အကူလေးတစ်ယောက်ရဲ့အကူအညီနဲ့ ခြံထဲခဏဆင်းလာတာပါ။ ဒီဘက်က သခင်လေးကိုလည်း မနက်က သခင်ကြီးမိတ်ဆက်ပေးတုန်းက တွေ့လိုက်ပါတယ်"

" ဒါဖြင့် မင်းငါ့ကို တွေ့တာဘာလို့မနှုတ်ဆက်လဲ"

" အာ...ကျွန်တော်တကယ်မမြင်တာပါ။ မြင်ရင် နှုတ်ဆက်ပါတယ်။ ရှောင်းသခင်လေးတွေအပေါ်ကျွန်တော် အပြစ်မပြုရဲပါဘူး"

" အိုက်ယား...Leo ရာ ငါကစတာပါကွာ ဟားဟား။ မင်းကလည်း အဲ့လောက်ရိုသေနေဖို့မလိုပါဘူး။ တစ်နည်းပြောရရင် မင်းကို ဦးရီးတော်က ရှောင်းမိသားစုဝင်လို့ ကြေညာထားတာပဲ၊ ငါပြီးရင် မင်းလည်းအာဏာရှိတာပဲဟာ၊ ငါ့အထက်မှာ ဦးရီးတော်တို့ ခမည်းတော်တို့ အကိုတော်တို့လို ကြီးတဲ့သူတွေကလွဲရင်ပေါ့"

"ဒါဆို ဒီကသခင်လေးက တတိယရှောင်းသခင်လေးလားခင်ဗျာ"

" အင်း....ရှောင်းကျောက်ဝေ တဲ့ ငါ့နာမည်"

" ရှောင်းကျောက်ဝေ..."

" ဒုတိယသခင်ကြီးရဲ့ တစ်ဦးတည်းသော သားလေ..ငါ့မှာ ကစားဖော်ဆိုလို့ ကျန့်ကောကောပဲရှိတာ.."

" ကျန့်ကောကော..ရှောင်းကျန့်?"

" ကောနာမည်ကိုသိနေတာလား"

" အင်း..တစ်ခန်းတည်း အခန်းဖော်တွေလေ အဲ့ဒါကြောင့်"

" အော်.... ကျန့်ကောကောကလည်း ကျောင်းတစ်ဖက်အိမ်တော်အတွက်လိုအပ်တဲ့ ပညာတွေ သင်ယူရတာတစ်ဖက်နဲ့ဆိုတော့ သိပ်တော့ ငါ့အနားမရှိပေးနိုင်ဘူးပေါ့"

" မင်းကရော အာ.."

" ရပါတယ် အဲ့လိုရင်းရင်းနှီးနှီးပြော ပြီးတော့ ကောကို ခေါ်သလို ငါ့လဲ ရင်းရင်းနှီးနှီး ခေါ်ပေါ့"

Love In The Midst Of ConflictWhere stories live. Discover now