အပိုင်း - ၁၄၉ (သွားမှာလား ၊ မသွားဘူးလား)(ဘာလို့ ဧကရာဇ်က ခေါင်းဆောင်ကျောက်နဲ့ အမြဲဆန့်ကျင်နေတာလဲ )
ရှေ့ဆက်ခရီးတွင် မည်သည့်ဘေးအန္တရာယ်မှ မရှိပါကြောင်း အထပ်ထပ်အခါခါ အာမခံယူပြီးခါမှ အမတ်မင်းဝမ်းမှာ စိတ်အေးနိုင်ကာ ယွင်သွမ့်ဟွန်၏အိမ်မှ ထွက်လာသည်။ ပြီးသည်နှင့် ဝမ်းစံအိမ်သို့ မပြန်သေးဘဲ မြို့ပြင်တစ်နေရာ၌ တစ်ယောက်တည်း လျှောက်သွားနေ၏။ ထို့နောက် ရှုမျှော်ခင်းများကို ငေးမောပြီး ထိုအတိုင်းထိုင်နေသည်မှာ ရှီချန်တစ်ဝက်စာ(တစ်နာရီ)မျှပင် ကြာသည်။
ကျွေ့ယင်တပ်သားများ မောင်းထုတ်ေပးထားသဖြင့် ရှောင်ပေးလိုက်ရသည့် ဘုရင့်သက်တော်စောင့်များကမူ ဝမ်းလျိုနျဲန်အား လိုက်လံရှာေဖ္ရသည့်အထိပါပေ။ သို့သော် မလှုပ်မယှက်ထိုင်နေသူကို တွေ့တော့ ဤအတိုင်း သွားမေးလျှင်လည်း မသင့်တော်လောက်ပြန်။ သို့နှင့် အတန်ကြာတုံ့ဆိုင်းနေခဲ့ပြီးနောက် သက်တော်စောင့်နှစ်ယောက်ထဲမှတစ်ယောက်က နန်းတော်သို့ပြန်သွားကာ ချူယွမ်အား ထိုအကြောင်း လျှောက်တင်လိုက်သည်။
"ဒိတိုင်းပဲ ထိုင်ငေးနေတယ်?"
ချူယွမ်က လက်ထဲရှိ စာအုပ်ငယ်အား ချထားလိုက်သည်။
"ဟုတ်မှန်ကြောင်းပါဘုရား။ သူ့စိတ်ထဲ တွေးတောစရာကိစ္စ များနေတယ်ထင်တယ်"
"ခေါင်းဆောင်ကျောက်ရော"
"အမတ်မင်းဘေးနား မရှိပါဘုရား။ အမတ်မင်းက မနက်ခင်းညီလာခံကနေ ပြန်သွားအပြီး မြို့ပြင်မှာပဲ အတွေးထဲစီးမျောနေတာ ခုထက်ထိပါဘုရား"
ချူယွမ်လည်း မျက်မှောင်အနည်းငယ်ကြုတ်သွား၏။
"အရှင်မင်းမြတ်"
သက်တော်စောင့်လေးက မဝံ့မရဲ မော့ကြည့်လာသည်။
"တိတ်တဆိတ် စောင့်ရှောက်ကာကွယ်နေချေ"
"အမိတ့်တော်မြတ်အတိုင်းပါဘုရား"
ထို့နောက် သက်တော်စောင့်လေးကလည်း ဦးညွှတ်ကာ တော်တင်စာကြည့်ဆောင်မှ ပြန်ထွက်သွား၏။ ထို့အပြင် အမတ်မင်းနှင့် ခေါင်းဆောင်ကျောက်တို့ကြား မေတ္တာနှောင်ကြိုး အတိုင်းအတာအရ ခေတ္တခဏခွဲခွာလျှင်တောင် မိမိတို့ဘက်မှ တိတ်တဆိတ် စောင့်ရှောက်ရမည်တည့်။ သို့ဆိုပါက အချိန်အတန်ကြာ ခွဲခွာမည်ဆိုပါလျှင် မိမိတို့ပါ ခြောက်လလောက် အိမ်ပြန်မလာနိုင်လောက်တော့ပါပေ။
![](https://img.wattpad.com/cover/240412649-288-k263039.jpg)
ВЫ ЧИТАЕТЕ
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Любовные романыတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...