ရန်သူမဟုတ်သော မဟာမိတ်

41 3 0
                                    

ကျွန်မနာမည်အရင်းက နွယ်သူဇာ ။
ဖခမည်းတော်ဘုရင်တောကစားထွက်တော့မြို့အစွန်ရွာငယ်ကလေးက
သာမန်အရပ်သူပျူအမျိုးသမီးနဲ့ချစ်ကြိုးသွယ်မိရာကရလာတဲ့သူပေါ့။

ခမည်းတော်ကမိခင်ဖြစ်သူမှာကိုယ်ဝန်ရှိနေမှန်းသိသွားတဲ့အချိန်မှာတော့
အခါအခွင့်သင့်တာနဲ့နန်းတွင်းကိုခေါ်ထားဖို့စာရေးပြီးကတိထားခဲ့သည်။

သို့ပေမယ့်
နန်းမတော်မိဖုရားခေါင်ကြီးရဲ့အငြိုးထားမှာကိုမလိုလားတာကြောင့်
အချိန်ဆယ့်ရှစ်နှစ်အထိပင်စောင့်ခဲ့ရသည်။

မိဖုရားခေါင်ကြီးကဘုရင်မင်းမြတ်ရဲ့ချစ်ခင်အလေးပေးမှုကြောင့်မိဖုရားခေါင်ကြီးဖြစ်လာတာမဟုတ်ပဲထိုက်တန်ပြီးထက်မြက်လွန်း၍သာတိုင်းပြည်ရဲ့မိခင်နေရာကိုရခဲ့သူပင်။

တကယ်ထက်မြက်သလိုတကယ်လည်းအဆိပ်ပြင်းတဲ့မိန်းမမို့အချိန်အခါကြည့်ပြီးမှသာလျှင်နွယ်သူဇာတို့သားအမိကိုနန်းတော်သို့ခေါ်ဆောင်ခဲ့သည်။

နန်းတော်ကိုသွားတဲ့လမ်းမှာလည်းနန်းတွင်းကလူအယောင်ဆောင်မိဖုရားကြီးလွှတ်လိုက်တဲ့လုပ်ကြံရေးသမားတွေကြောင့်မယ်တော်ဖြစ်သူကိုဆုံးရှုံးခဲ့ရပြီးခမည်းတော်ရဲ့ကတိစာကိုယူကာအသက်လုထွက်ပြေးလာရသည့်အထိပင်။

ထွက်ပြေးလာရင်းခမည်းတော်လွတ်လိုက်တဲ့လူတွေနဲ့တွေ့​ပြီးကတိစာစောင်ကိုကိုင်ထားသည်မို့နန်းတော်ကိုခေါ်ဆောင်သွားကြသည်။

နန်းတွင်းဝင်တာနဲ့ကျောထောက်နောက်ခံမရှိတဲ့ကျွန်မကို
မယ်တော်အရင်းချာကိုလုပ်ကြံတဲ့မိန်းမ
နန်းမတော်မိဖုရားခေါင်ကြီးကိုယ်တိုင်မွေးစားလိုက်ပြီး
ထိပ်စုမြတ်ဘုရားကလေးနွယ်သီတာဘွဲကိုချီး​မြှင့်တာကြောင့်မိဖုရားခေါင်ကြီးရဲ့သားတော်၂ပါးသမီးတော်၃ပါးပြီးလျှင်
အငယ်ဆုံးသမီးတော်ဖြစ်လာခဲ့ရသည်။

ခမည်းတော်ကိုယ်တိုင်ကသားသမီးမထွန်းကားသောစိန်နန်းဆောင်မိဖုရားဆီပို့မည်ပြောသော်လည်းမိဖုရားခေါင်ကြီးကိုယ်တိုင်ကဘွဲ့နာမည်ပါပေးပြီး
ခေါ်သွားခဲ့ခြင်းကြောင့်မပြောသာတော့ပေ။

You've reached the end of published parts.

⏰ Last updated: Sep 18, 2023 ⏰

Add this story to your Library to get notified about new parts!

ရန်သူမဟုတ်သော မဟာမိတ်Where stories live. Discover now