မူအန်းရွာ.....
အမ်းမလော့နိုင်ငံရဲ့အစွန်အဖျားမှာရှိပြီး အလွန်အေးတဲ့ဒေသဖြစ်သည်...တောင်တွေကြားထဲမှာရှိတဲ့ရွာလေးမလို့ မြို့တော်ကလူတွေအရောက်နည်းလေသည်...
တောင်တွေအထပ်ထပ်ဝန်းရံထားတာကြောင့် ဆေးဖက်ဝင်အပင်တွေလည်းပေါများစွာပေါက်ရောက်ကြသည်...အေးစက်တဲ့ရာသီဥတုကြောင့် နန်းမြို့တော်ဘက်မှာ စိုက်လို့မရတဲ့ မက်မုံပင်တွေက မူအန်းရွာဘက်မှာ လက်ညိုးထိုးမလွဲပင်....
မြင်းဖြူကြီးပေါ်က တော်ဝင်မင်းသားလေးမှာ မူအန်းရွာကိုလာတဲ့လမ်းတစ်လျှောက်အလွန်သဘောကျနေလေသည်...မက်မုံပင်တွေဆီက မက်မွန်သီးကိုသူအရမ်းစားချင်နေလေသည်...
ရွာသူရွာသားတွေက မြင်းတွေနဲ့ ဓားလှံတွေကိုင်ထားတဲ့ရဲမက်တွေဝင်လာတာကိုမြင်တော့ လန့်သွားကြကာ အိမ်ထဲဝင်ပြီးတံခါးပိတ်နေကြသည်...လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းကလည်း ဒီလိုလူတွေ သူတို့ရွာထဲဝင်လာပြီး မှော်ပညာတတ်သူတွေကိုလာရှာသွားကြတာမလား...
တော်ဝင်မင်းသားအား ကိုယ်ရံတော်တွေနဲ့ခဏထားခဲ့ရင်း ဆရာကြီးမှာ ရွာရဲ့အကြီးအကဲနဲ့တွေ့နေလေသည်....ခဏအကြာ ရွာသားအချို့ပါ ဆရာကြီးနဲ့လိုက်လာကာ သူတို့အဖွဲ့ကို နေရာချပေးလာသည်...
"အရှင့်သား....”
မင်းသားလေးမြင်းပေါ်က ဆင်းသည်နှင့် ရွာရဲ့အကြီးအကဲမိသားစုမှာ အရိုသေပြုလေသည်...
"အရှင့်သား ဒီအကြီးအကဲက ကျွန်တော်မျိုးသူငယ်ချင်းပါ...ကျွန်တော်မျိုးတို့ ဆေးပညာအကြောင်းဆွေးနွေးလိုက်ပါဦးမယ်..အရှင့်သားအနားယူဖို့ အားလုံးပြင်ဆင်ပြီးပြီမို့လို့ အေးဆေးသက်သာစွာ အနားယူပါ...”
ဆရာကြီးကပြောလာတာကြောင့် တော်ဝင်မင်းသားလေးမှာ ပျော်သွားသည်...သူအခု ရွာထဲကိုအရမ်းကိုသွားကြည့်ချင်နေပြီ....
ကိုယ်ရံတော်တွေ အနားယူနေတုန်း မင်းသားလေးမှာ သာမာန်ဝတ်စုံကိုလဲကာ တိတ်တိတ်လေးထွက်လာခဲ့သည်...ခုနက အကြီးအကဲအိမ်မှာ မက်မွန်သီးနဲ့ဧည့်ခံပေမယ့် သူကသူများခူးပေးတာကိုမစားချင်ပေ...ကိုယ်တိုင်ခူးစားချင်သည်...
YOU ARE READING
💜Destiny of Royal Prince and the blue eyes magician💜
Ficción históricajjk & kth 16.9.2023