❄
"ဒေါက်တာ... ကျွန်တော် ဒေါက်တာ့အတွက် Milkshake လေး လာပို့တာ"
"ဒေါက်တာ့အတွက် နေ့လည်စာပါ ဒေါက်တာ"
"ဒေါက်တာများ ဗိုက်ဆာနေမလား လို့ လေ..အဲ့ဒါ ကျွန်တော် အဆာပြေ snack လေး..."
"ဒေါက်တာ...ကျွန်တော် ဗိုက်တွေ အရမ်းအောင့်နေလိို့.... "
" ဒေါက်တာ... ကျွန်တော်လေ ဒီနေ့ ဒေါက်တာ့ကို အရမ်းလွမ်းနေလို့"
"ဒေါက်တာ... ကျွန်တော့်ကို ဘယ်တော့လောက် အဖြေပေးဖို့ စဉ်းစားထားလဲ ဟင်"
စသည်...စသည်... ဒေါက်တာ ဟုအစချီကာ ဆေးရုံကို နေ့စဉ်ရက်ဆက်လာနေတဲ့ ကောင်လေးကြောင့် ဘေးလူတွေ သတိထားမိလာတဲ့အထိ....
"မင်း ဘယ်လို ဖြစ်နေတာလဲ... ဒါ ငါ့အလုပ်ခွင်နော်... မင်း လာချင်တိုင်း လာလို့ရတဲ့နေရာမဟုတ်ဘူး"
အကြောင်းမရှိအကြောင်းရှာကာ နေ့စဉ်လိုလို လာနေခြင်းကြောင့် မကြိုက်ကြောင်းသိစေရန် လေသံခပ်ဆတ်ဆတ်လေး ပြောလိုက်မိတော့လဲ မျက်နှာလေးက ချက်ချင်း ညှိုးကျသွားပြန်ပါရော...
"ကျွန်တော်မှ ဒေါက်တာ့ကို မတွေ့ဘဲ မနေနိုင်တာ " တဲ့
အမြဲတမ်း တက်တက်ကြွကြွနဲ့ ယုန်သွားလေးတွေပေါ်အောင် ပြုံးရယ်နေတတ်တဲ့ မောင့်မျက်နှာလေး ခုလို ညှိုးနေပြီး မျက်နှာငယ်လေးနဲ့ ဖြစ်နေပြန်တော့လဲ စိတ်ထဲမကောင်းပြန်....
အင်းးး တွေ့ပါမြင်ပါများလာတော့လဲ သံယောဇဉ်တွေ ရစ်တွယ်မိတယ် ထင်ပါရဲ့ ကွယ်...
အဲ့ဒီနောက်ရက်ကစ တစ်ပတ်တိတိပျောက်သွားလိုက်တာ ဖုန်းလဲမဆက် လူလဲပေါ်မလာနဲ့...
ကိုယ့်အနားတစ်ရစ်ဝဲဝဲလုပ်နေတတ်တဲ့ လူတစ်ယောက် ရုတ်တရက် ပျောက်သွားတော့လဲ မျှော်တော့ မျှော်မိသားလား.....
ပေါ်မယ့်ပေါ်လာတော့လဲ ကိုယ် night duty ကျလို့ ဆေးရုံမှာပဲ ရှိနေချိန် ပွန်းရာပဲ့ရာ ဗရပွနဲ့ မျက်ခုံးထက်မှာလဲ ပေါက်ပြဲရာတစ်ခုက သွေးတစ်စိမ့်စိမ့်...
မြင်မြင်ချင်း စိတ်မပူခဲ့ဘူးဆို ကိုယ်လိမ်ရာကျမှာပေါ့ မောင်....
YOU ARE READING
နှောင်းအတိတ်ဆီက မောင် (JIKOOK) (SEASON 1)
Fanfictionငါ့ အရှုံးတွေနဲ့ ထိုက်တန်အောင် မင်း ပျော်နေပါ မောင်