အပိုင်း - ၁၅၀ ( အရှေ့ပင်လယ်သို့ သွားခြင်း )

2.7K 538 117
                                    

အပိုင်း - ၁၅၀ ( အရှေ့ပင်လယ်သို့ သွားခြင်း )

( သူစိမ်းတွေနဲ့ တွေ့ဆုံရမှာပေါ့ )

ဝမ်းစံအိမ်ဝယ်၊ အစေခံနှစ်ယောက်က စိုးရိမ်ပူပန်နေဟန်ရ၏။

"အမတ်မင်း အဲ့မှာပဲ ထိုင်နေတာ တစ်နာရီလောက်ကြာနေပြီမလား"

"အင်း၊ အစားတစ်လုပ်မှတောင်မစား စကားတစ်ခွန်းမှလည်းမပြောဘဲ ဒီဇရပ်မှာပဲ လာထိုင်နေတာ"

"ဒေါ်ကြီးဝမ်လုပ်ပေးတဲ့မုန့်တောင် မစားဘူးလား"

"ခေါင်းဆောင်ကျောက်လည်း ဘယ်သွားနေလဲမသိ။ ခုထိလည်း ပြန်မလာ‌ေသးဘူး။ ဒီလိုသာ ဆက်ထိုင်နေတဲ့ပုံအရ တစ်ခုခုဖြစ်လာတယ်ဆိုတာ သေချာတယ်"

"မင်း ရှန်းဟိုင်စားသောက်ဆိုင်ကို သွားလိုက်ပါလား။ ဒုခေါင်းဆောင်လုကို သွားခေါ်လာခဲ့"

"အေးအေး၊ ငါ သွားလိုက်မယ်။ မင်းသာ အမတ်မင်းကို စောင့်ကြည့်နေ၊ ဘာမကြည့်ညာမကြည့်ဘဲ သွားမနှောင့်ယှက်လိုက်နဲ့ဦး"

"ဟုတ်ပြီ၊ ငါ အခုပဲ သွားမယ်။ မင်းကတော့ အမတ်မင်းကို စောင့်ကြည့်ထား။ ဘာမပြောညာမပြောနဲ့ ကန်ထဲ ခုန်မချ‌ေစလိုက်နဲ့ဦး"

"ဟာ၊ ဘာတွေ ပြောနေတာလဲဟ။ ဘယ်လူကောင်းသူကောင်းက ကန်ထဲကို ဒီအတိုင်း ခုန်ချမှာလဲ "

"ဟင်၊ မင်း စိတ်မပူဘူးလား။ ခုန်မချချင်ဘူးဆိုရင် ဘာလို့ အဲ့ကန်ကိုပဲ သူ တစ်ချိန်လုံး စိုက်ကြည့်နေမှာလဲ"

"ရှူးတိုးတိုး၊ သူ ထရပ်ပြီ"

အစေခံ‌ေလးနှစ်ယောက်လည်း ချက်ချင်းပင် မတ်တတ်ရပ်လိုက်ကာ အမတ်မင်းအား ပြုံးရွှင်စွာ နှုတ်ဆက်လာ၏။

"အမတ်မင်း၊ ညစာ သုံးဆောင်‌ေတာ့မလို့လားခင်ဗျာ"

"အင်း၊ ဘာစားစရာရှိလဲ"

ထို့နောက် ဝမ်းလျိုနျဲန်မှ ဆက်မေးလာသည်။

"ခေါင်းဆောင်ကျောက်‌‌ေရာ ပြန်လာပြီလား"

အ‌ေစခံလေးနှစ်ယောက်က ခေါင်းခါပြလာ၏။

"ပြန်မလာသေးကြောင်းပါ"

"ဘာလို့ ပြန်မလာသေးတာပါလိမ့်နော်"

ဝမ်းလျိုနျဲန်မှ တိုးတိုးလေး ညည်းတွားလာ၏။ အရှင်မင်းမြတ်ဆီ အခစားသွားဝင်မည့်ကိစ္စကို သူ ခွင့်ပြု‌လိုက်သော်ငြား ခုထက်ထိ ရတက်မအေးနိုင်သေးသည်မို့ သေသချောချာ စဉ်းစားချင့်ချိန်ပြီးသည့်နောက် ဝမ်းလျိုနျဲန်လည်း ဝေါယာဉ်စီးကာ နန်းတော်သို့ လိုက်သွားလိုက်သည်။

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]Where stories live. Discover now