Chapter 2

3.4K 256 4
                                    

အပိုင်း (၂)

သည်ကိစ္စက တကယ့်ကို မလွယ်ပေ။ လွန်ခဲ့သော ၂ နှစ်ခန့်တွင် အဖိုးဖြစ်သူ ဆုံးသွားခဲ့သည်။ နာရေးတွင် အိမ်နီးနားချင်းများ ဝိုင်းကူလုပ်ပေးကြရာ မိသားစု၏ အမွေခွဲသည့် ကိစ္စများအား ပတ်ဝန်းကျင်က သိထားကြသည်။
ပြီးခဲ့သည့် နှစ်များအတွင်း ပြဿနာ မရှိခဲ့ပေ။ ယခုမှ ရုတ်တရက် အိမ်လာ၍ စကားပြောသည့်အကြောင်းမှာ ဖခင်ဖြစ်သူ ပိုက်ဆံ ရှာနိုင်လာသောကြောင့် ဖြစ်သည်။

အဖေနှင့် အမေသာ ဦးလေးတို့အား ပိုက်ဆံပေးပါက သူတို့ ပြဿနာ ရှာမည် မဟုတ်ပါ။ သို့သော် မပေးသော်လည်း သူတ်ို့ လူတွေ ကြားထဲတွင် ပြသနာရှာ၍ မတောင်းရဲပါ။

ဦးလေး နှစ်ယောက် ထွက်သွားသည်ကို ရီရောင့်သုန်း မတားလိုက်ပါ။ သူတို့အား အသာတကြည်သွားခွင့်ပြုလိုက်သည်။

သူတို့ နောက်တစ်ခါ လာမည်၊ မလာမည်ကို
သူ စိတ်မဝင်စားပါ။

အဖေသာ သဘော မတူပါက မိသားစုမှ ပိုင်ဆိုင်မှုအား ဘာမှ တူးယူ၍ မရနိုင်ပါ။

အဖေ သဘောတူသော်လည်း အစ်ကိုနဲ့ သူက သဘောတူမည် မဟုတ်ပါ။

စိတ်ဝင်စားစရာ မရှိတော့ပုံပေါ်သဖြင့် အိမ်နီးနားချင်းများ တဖြည်းဖြည်း ပျောက်သွားကြသည်။ ရီရောင့်သုန်း လက်ခုပ်တီးကာ သူ့အဖေနဲ့ သူ့ မိသားစုအား ပြောလိုက်သည် “ကောင်းပြီ၊ အိမ်ထဲဝင်ကြစို့”
သူ အိမ်ထဲ ဝင်ရန် လုပ်နေစဉ် ဦးခေါင်းသေးသေးလေးသည် သူ၏ ခြေထောက်နား လာရောက် ပွတ်သပ်နေသည်။ သူ၏ ပေါင်အား လာဖက်သည်။ထို့နောက် သွားသေးသေးတွေအား ပေါ်အောင် ပြုံးပြ၍ အသံ အချိုချိုနှင့် ပြောလိုက်သည် "ဖေဖေ၊ ချီဦး”
သူ၏ အဖေနှင့် ဦးလေးများ စကားများနေစဉ် အိမ်ထဲမှ အမျိုးသမီး တစ်ဦးသည် ကလေးများအား 
အခြေအနေ ငြိမ်သွားသည်နှင့် ထိုအမျိုးသမီးသည် တံခါးပေါက်သို့ လာ၍ ကလေးများအား ခေါ်လာသည်။
ရီရောင့်သုန်းသည် ချစ်စရာ ကလေးလေးအား ကြည့်၍ အတိတ်တွင် ရှိခဲ့ဖူးသည့် အသားညိုညို သူ၏ ဒုတိယသားနှင့် ဆက်စပ်ကြည့်၍ပင် မရနိုင်ပါ။

ကလေး မျက်နှာ သေးသေးလေးအား ကိုင်၍ ချီလိုက်ကာ အိမ်ထဲ ဝင်လိုက်သည်။ သူ မနက်စာပင် မစားရသေးပါ။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now