"ကလေး!!!!"
Tae ဟာ အိမ်ထောင်ကျပြီးထဲက အိမ်ထဲက အိမ်ပြင်သိပ်မထွက်တော့ နဂိုထဲကလည်း မျက်စိကြောင့်အပြင်မထွက်ခဲ့တာက အကျင့်ပါနေသလို အိမ်ထဲမှာသာ နေရတာပို၍ သဘောကျလာတော့သည်.
သူအဖော်ရအောင်ဆိုပြီး ဝယ်ပေးထားတဲ့ သားတော်မောင် Tannie နဲ့သာ တနေ့တနေ့ အိမ်ထဲမှာ အချိန်ကုန်လို့နေတက်သည်..
Jungkook ကလည်း အလုပ်တဖက်နဲ့ကြောင့် အလုပ်နားရက်တွေသာ နှစ်ယောက်အတူတူလျှောက်လည်ကြသလို.. တခါတလေ အပြင်မထွက်ချင်တဲ့ Tae ကြောင့် အိမ်ထဲမှာပဲ ချစ်ကြည်နူးတစ်တီတူးကြသည်..
အရာရာလိုလေစေ့မရှိအောင်ထားထားတဲ့ Jungkook ဟာ ချစ်သူ့ဖြစ်ခဲ့ချိန်က သူတာဝန်မကျေခဲ့တာတွေ ကတိမတည်နိုင်ခဲ့တာတွေကို ခုမှ တဝကြီး ဂရုတစိုက် Tae မျက်နှာတချက်အညိုးမခံအောင်ထားသည်.
ကလေးပီပီ အဆိုးလေးက တခါတလေ သူမကြိုက်တာကိုခိုးလုပ်တက်သေးတာကလည်း ရှိသေးသည်..အဲ့ခါကြရင် Jungkook မှာ ဒေါသ
ထွက်စိတ်ဆိုးသော်လည်း အချွဲလေးကြောင့်ကြာကြာမခံနိုင် စိတ်ဆိုးပြေရပြန်တယ်.....
အလုပ်ကနေပြန်လာတဲ့ Jungkook ပုံမှန်ချိန်ထက်စောကာပြန်လာတာကြောင့် Tae ဟာ jungkook ကိုထွက်မကြိူဖြစ် နောက်ဖေးခန်းထဲ Jungkook မသိအောင်မုန့်ခိုးစားလို့နေသည်...
Jungkookရဲ့အော်သံကြောင့် Tae တယောက် Jungkook မသိအောင်မစားရဘူးလို့ပြောထားတဲ့
မုန့်ကိုခိုးစားနေရင်း ခန္တာကိုယ်လေးဟာ တုန်တက်သွားတော့သည်..jungkook ဟာ Tae ကို ready made အစားအစာတွေလုံးဝစားခွင့်မပြုထား အထူးသဖြင့် အားလူးကြော်တွေဆို ပို၍ စားခွင့်ပိတ်ထားသည်..သူကိုယ်တိုင်လက်လက်ဆက်ဆက် ကြော်ကျွေးတက်တာ အိမ်ထောင်စကျထဲကပင်..
အနားကိုဒေါကြီးမောကြီးနဲ့ရောက်လို့လာကာ လက်ထဲက မုန့်ထုပ်ကိုဆွဲလုပြီး အဝေးကိုပြစ်လိုက်တာကြောင့် မုန့်တွေဟာ နောက်ခန်းတခုလုံးပြန့်ကြဲလို့..
နံရံနားမှာရပ်လို့နေတဲ့ Tae လက်ကလေးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင်ဆုတ်ထားလို့ သူ့ရှေ့မှာ ဒေါသထွက်လို့နေတဲ့ Jungkook ကို မဝံမရဲလေးမော့ကာကြည့်မိတော့ မျက်ထောက်နီကြီးနဲ့ ကြည့်လို့နေတဲ့ Jungkook..