❄
ပျော်စရာတွေအကြောင်း တွေးမိပြန်တော့လဲ လူက အလွမ်းအဆွေးတွေထဲကနေ ခဏတဖြုတ် ရုန်းထွက်မိသလိုပါပဲ ခုံတန်းလေးပေါ်မှာ တစ်ယောက်ထဲ ထိုင်ပြီး ပြုံးနေမိတာ ဖြတ်သွားဖြတ်လာ လူတွေကတော့ ကိုယ့်ကို ရူးနေတယ်များ ထင်မလား မောင်....
ဟုတ်တယ် ကိုယ်ဟာလေ ဟိုးအရင်ကတည်းက မောင်နဲ့ ပတ်သက်လာရင် အရူးတစ်ယောက်လိုပဲ။
ရူးလောက်အောင် ချစ်ခဲ့တယ်....
ရူးလောက်အောင် သဝန်တိုတယ်.....
ရူးကြောင်ကြောင်တွေ တွေးတယ်....
အကြီးဖြစ်ပေမယ့် အရမ်းကလေးဆန်ပြီး မောင့်အပေါ်လဲ ဆိုးခဲ့တယ်နော်.....
ဒါတွေကို အငယ်ဖြစ်တဲ့မောင်က နားလည်မှုအပြည့်ပေးပြီး ကိုယ့်ကို ချစ်ပေးခဲ့တယ်...
အင်းးး ဘယ်လိုပြောရမလဲ အဲ့အချိန်တုန်းကတော့ ချစ်ပေးတယ် ထင်တာပေါ့လေ....
ဘာပဲဖြစ်ဖြစ် အချစ်ဦးမို့ ရူးမိခဲ့တာတွေပါ မောင်ရယ်.....
ချစ်သူဘဝမှာ အရာရာအဆင်ပြေနေသလား ဆိုတော့လဲ မဟုတ်ပြန်ပါဘူး....
အရမ်းသဝန်တိုတတ်တဲ့ ကိုယ့်ကြောင့် နှစ်ယောက်သားကြား ရန်ပွဲတွေက အခါခါ.....
အဲ့လို ရန်တွေဖြစ်ကြတိုင်း ကိုယ့်ဖက်က အလျှော့ပေးမယ်လို့ ထင်လား....ဝေးသေး.... သူလာမချော့မခြင်း ကိုယ့်ဖက်က မဆိုင်သလိုပဲ ပစ်ထားလိုက်တာကြည့်။ကိုယ့်အလုပ်တွေကြောင့် မတွေ့ရတာကြာလို့ နေ့ခင်းဖက် နားရက်ရတဲ့တစ်နေ့... သူမသိအောင် သူ့ကျောင်းကို သွားပြီး အကြို... ကျောင်းရှေ့က သစ်ပင်ရိပ်မှာ ကောင်မလေး တစ်အုပ်နဲ့ ရှုပ်ယှက်ခတ်နေတဲ့ မောင်....
ကောင်မလေးတွေ လေးငါးယောက်ကြား ယောကျာ်းလေးဆိုလို့ မောင်တစ်ယောက်ထဲ...
သူ့ကိုပဲ ဝိုင်းပြီး တွန်းသူကတွန်း ဆွဲသူကဆွဲနဲ့ အရမ်းသရုပ်ပျက်နေတဲ့ မြင်ကွင်းကြီးက မမြင်ချင်မှ အဆုံး....
အဲ့ကြားထဲမှာ မောင်ဟာ ကိုယ်သိပ်မြတ်နိုးရတဲ့
သူ့ရဲ့ သွားတန်းဖြူဖြူလေးတွေပေါ်အောင် ပြုံးရယ်နေပြီးတော့ ကိုယ်အမြတ်တနိုးနမ်းတတ်တဲ့ သူ့ပါးပေါ်က ပါးချိုင့်ရာလေးတွေထင်းနေအောင်ကို သဘောတွေကျနေတာက ကိုယ့်ဒေါသတွေကို ဒီဂရီအဆုံးထိ မြင့်တက်လာအောင် ထိုးဆွပေးနေသလိုပါပဲ.....
YOU ARE READING
နှောင်းအတိတ်ဆီက မောင် (JIKOOK) (SEASON 1)
Fanfictionငါ့ အရှုံးတွေနဲ့ ထိုက်တန်အောင် မင်း ပျော်နေပါ မောင်