ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

1.1K 84 0
                                    

Chapter 10

ကြယ်ပွင့်ကွန်ရက်တွင် လင်းယောင်ယောင် ငှားထားသည်မှာ အလုပ်သင်အဆင့် ဓာတ်ခွဲခန်းဖြစ်သောကြောင့် သူမေးလိုက်ခြင်းဖြစ်သည်။  ထို့အပြင်၊ ပလက်ဖောင်းပေါ်တွင်သူမရောင်းချသော သီးသန့်အစားအစာအားလုံးကိုပထမတန်းစား ပါဝင်ပစ္စည်းများမှပြုလုပ်ထားသည်။

အမှန်တကယ်တွင်၊ ဆေးဆိုင်နှင့် အစားအသောက်လက်ထောက်ကုထုံးဆရာများ၏ အဆင့်သည် ကြယ်ပွင့်ကွန်ရက်တွင်  အမြဲတမ်းနောက်ကျ‌ေန‌‌သည်။

သို့သော်လည်း လင်းယောင်ယောင်  ယခင်က ပူစီနံ နှင့် သခွားသီးကြော်အတွက် ၀င်ငွေ 100 ကို မြင့်မားစွာပေးခဲ့ပြီး နောက်ပိုင်းတွင် ၀င်ငွေ 0.01 သာ ဆုချီးမြှင့်ခဲ့သည်။  ရှောင်ချီ က ဤမိန်းကလေးဟာ စီးပွားရေး အခြေအနေကောင်းများ မရှိဟု ခံစားရသည်။  သူမပိုက်ဆံများများမရှိလျှင် လစာမြင့်မြင့်ဖြင့် ဆွဲဆောင်ရလိမ့်မည်။လင်းယောင်ယောင်က သူ့အား မထီမဲ့မြင် စိုက်ကြည့်နေသည်။

"ဒီမိန်းမက ဆင်းရဲတယ်လို့မြင်တာလား...လက်တွေ့မှာတော့ ဖြည့်စွက်စာတွေ ငါမချက်နိုင်သေးပါဘူး... နောက်မှပြောကြတာပေါ့... ဖုန်းနံပါတ်ချန်ထားခဲ့လို့ရတယ် ဂီနီ၀က်လိုတဲ့အခါ မင်းကို လာရှာလိုက်မယ်"

ရှောင်ချီ ရင်ကျပ်သွားသလို ခံစားလိုက်ရသည်။  သူ့ကို ဂီနီဝက်တစ်ကောင်လို ဆက်ဆံဖို့ မည်သူမျှ သတ္တိမရှိကြပေ။  ဤအတွေ့အကြုံမျိုးဟာ ဆန်းသစ်လှပေသည်။

သူဟာ ဖုန်းနံပါတ်ကို လင်းယောင်ယောင် အား တက်တက်ကြွကြွပင် ပေးခဲ့လိုက်သည်။  ကံမကောင်းစွာဖြင့် လင်းယောင်ယောင် က သူမ အမည်ရင်းကို မပြောဖို့ ငြင်းဆိုခဲ့ပြီး သူမအား "အယ်လဲဗင်း" ဟု ခေါ်စေခဲ့သည်။

လင်းယောင်ယောင် ဟာ 011 ၏ သံတူအနက် စကားလုံးတစ်လုံးဖြစ်သည်။ "အယ်လဲဗင်း?"ဟုတ်ပေသည်။ရှောင်ချီ က လျှို့ဝှက်ထားသော အဓိပ္ပါယ်ကို နားမလည်လိုက်ပေ။

[T/N- တရုတ်ဘာသာတွင် "0" သည် "Líng" ဖြစ်ပြီး "1" သည် "Yī")

ရှောင်ချီ မှတစ်ဆင့် လင်းယောင်ယောင် က "ကျန်း" သည် အမှန်တကယ်တွင် သူမ သိသောသူတစ်ယောက်ဖြစ်ကြောင်းနှင့် "ကျန်း" က သူမအား ဤကဲ့သို့ အဆင့်သတ်မှတ်ပေးပြီး မှတ်ချက်ပေးရသည့် အကြောင်းရင်းကိုလည်း သိခဲ့ရသည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးUnde poveștirile trăiesc. Descoperă acum