• 빗소리마저 뚫고 나온 너의 말 •

1.4K 81 0
                                    

▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

မိုးသံ​တွေ ကြားက​နေ ဖောက်ထွက်လာတဲ့ မင်းရဲ့ စကား 》

° ° °

လူ​တွေက ဘယ်လိုအချိန်မှာ ပြောင်းလဲတတ်ကြတာလဲ။

သူတို့ လိုချင်တာကို တစ်ဖက်လူက မဖြည့်ဆည်း​ပေးနိုင်တဲ့ အချိန်မျိုးလား။

တစ်ဖက်လူ လိုချင်တာကို သူတို့က မဖြည့်ဆည်း​ပေးနိုင်တဲ့ အချိန်မျိုးလား။

အ​ကြောင်းပြချက်မရှိပဲလည်း အ​ကြောင်းမဲ့ကြီး ပြောင်းလဲလိုက်လို့ ရတာပဲလား။

ဘာအ​ကြောင်း​ကြောင်းကြောင့်ပဲ ဖြစ်​​ပါစေ။

အဲဒီလို လုပ်ရက်တဲ့ သူ​တွေကို ပုဒ်မတစ်ခုခု တပ်ပြီး တရားစွဲလို့ရရင်တော့ သိပ်​ကောင်းမယ် ..။

- - -

အင်္ဂါနေ့ တစ်ရက်ရဲ့ ကော်ဖီဆိုင်ထဲမှာ ဧည့်သည် အော်ဒါတင်တဲ့ သောက်စရာ မှန်သမျှကို ဖျော်တဲ့သူက ဖျော်။

စားပြီးသားဝိုင်း​​တွေကို ရှင်းတဲ့သူက ရှင်းနဲ့ ..၊

လူ​တွေ အကုန်လုံးက လူးလားခတ်ပြီး လှုပ်ရှား​သွားလာနေကြတယ်။

ပန်းကန်သံ ၊ ဇွန်းသံ။
စာ ( ဒါမှမဟုတ် ) အလုပ်ကိစ္စနဲ့ လာတဲ့ လူ​တွေရဲ့ လက်ပ်​တော့ပ်ပေါ်က ကီးဘုတ်နှိပ်သံ။

ဘေးပတ်ပတ်လည်က လူ​တွေက​တော့ သူတို့အလုပ် သူတို့လုပ်​နေကြတာပါပဲ။

ဆိုင်ဝန်ထမ်း​က လွဲလို့ အပြင်လူ မဝင်ရတဲ့ နောက်​ဖေးဘက်မှာတောင် ပေါင်မုန့် ၊ ကိတ်မုန့် ဖုတ်တဲ့သူကလည်း သူ့တာဝန်နဲ့ သူ ရုန်းကန်နေလိမ့်ဦးမှာ​ ..။

မှန်ပြတင်း​ပေါက်ရဲ့ နေရာအနှံ့ကို ရိုက်ခတ်ပြီး လာစင်​နေတဲ့ ​​မိုးသီးမိုးစက်​တွေကြောင့် ​​၊

ကော်ဖီဆိုင်ရဲ့ အပြင်ဘက် မြင်ကွင်း​ကို ထယ်ဆန်း ကြည့်​နေ​ပေမယ့် သဲသဲကွဲကွဲ မမြင်နိုင်​ဘူး။

နာရီလက်တံကလည်း တ​ရွေ့​ရွေ့ ၊
ဘေးက ဖြတ်သွားတဲ့ လူတွေကလည်း တ​​ရွေ့​ရွေ့နဲ့ပဲ လုံး​ထွေးလည်ပတ်​​နေတယ်။

𝖤𝖷 - 𝖨𝖳 | 공푸르즈Where stories live. Discover now