အတိတ်မေ့ ခင်ပွန်း Part 22
"Lucaက တကယ်ဘဲ ဒီလောက် စုတ်ပြတ်နေတဲ့ နေရာမှာ နေနေမယ်တဲ့လား...."
မြွေပွေးဂိုဏ်းခေါင်းဆောင်ဟာ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ စျေးအားကြည့်နေသည်
"ဒါနဲ့ ဖီးနစ်သခင်မ မပူဘူးလား...."
"ဟမ်.....အဟမ်း....ကျွန်မ နည်းနည်းအအေးမိသွားလို့...."
ပန်ပန်သူမခန္ဓာကိုယ်က markingရာတွေမမြင်ရအောင် လည်ပိတ်လက်ရှည်နီညိုရောင်ကိုဝတ်ထားရာ အများအမြင်မှာ ပူအိုက်စရာဖြစ်နေသည်
"ဒါဆို နဂါးနက်သခင်လည်း အအေးမိသွားတာဖြစ်မယ်...."
ထိုအခါ အနက်ရောင်လည်ပိတ်လက်ရှည်ကိုဝတ်ထားတဲ့ ဒီပယံက ခပ်ဖြေးဖြေးခေါင်းငြိမ့်လေသည်
သူတို့နှစ်ယောက်အလယ်က သွေနဒီကတော့ လက်ထဲက ယပ်တောင်ကြီးနဲ့ မျက်နှာကြီးရှုံ့မဲ့ကာ သူတို့နှစ်ယောက်ကို ကြည့်နေသည်
ပန်ပန်နဲ့ ဒီပယံကတော့ နေကာမျက်မှန်ကိုယ်စီပင့်ကာ တစ်ယောက်နဲ့တစ်ယောက် ကျောပေးသွားကြသည်
လုလင်နဲ့ ယုသော် သူတို့ရဲ့ရယ်ချင်စိတ်ကိုဖိနှိပ်ကာ ရုပ်ကြီးတွေတင်းထားသည်
မနေ့ညက သူတို့နှစ်ယောက် အခန်းရှေ့မှာ ကင်းစောင့်ခဲ့ရတာလေ
စျေးထဲတွင်တော့ လူမျိုးခြားပေါင်းစုံက ရောင်းဝယ်နေပြီး မြို့အစွန်က စျေးမို့လို့ ချောင်ကျကာ စည်းကမ်းမရှိပါ
ပန်ပန် ဖုန်မှုန့်တွေအား ရှောင်ရှားဖို့ရာ ပုဝါကိုပတ်ကာ နှာခေါင်းပိတ်ထားသည်
သွေနဒီကတော့ ရှုံ့မဲ့နေတဲ့မျက်နှာနဲ့ ဒီခရီးစဉ်ကို သူမအစကတည်းက မလိုက်ချင်ကြောင်း သူမကိုယ်ရံတော်ကိုညီးညူပြနေရင်း ချောင်းတဟွတ်ဟွတ်ဆိုးနေသည်
ဒီပယံဟာတော့ သူ့ဇနီးလေးအား မသိမသာကြည့်ရှုကာ လူအုပ်ရဲ့ တိုးတိုက်ခြင်းကြားက ကာကွယ်ပေးလျက်ရှိသည်
မြွေပွေးဂိုဏ်းခေါင်းဆောင်က သူ့လူနဲ့ဆက်သွယ်နေကာ ချိန်းဆိုထားတဲ့နေရာသို့ ရှေ့မှ ဦးဆောင်ကာ သွားနေသည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....