Destined?

615 86 20
                                    

"Destiny ဆိုတာ တကယ်ရှိတယ်"

အမျိုးသမီးငယ်တစ်‌ေယာက်ရဲ့အပြောနောက် နောက်ထပ်မိန်းကလေးတစ်ဦးရဲ့ ရယ်သံခပ်သဲ့သဲ့က ထွက်ပေါ်လာတယ်။

"အိုး....တော်စမ်းပါ မီနာ...ဘယ်နှရာစုမှာမလို့ဒီလိုအတွေးအခေါ်တွေကို ယုံကြည်နေသေးတာလဲ"

Destiny....ကံကြမ္မာ၊ ရေစက် စသဖြင့် အမျိုးမျိုး အဓိပ္ပာယ်ဖွင့်တတ်ကြတဲ့ ဒီစကားစုကို ယုံကြည်ကြသူတွေလည်း ရှိသလို မယုံကြည်ကြသူတွေလည်း အများအပြား။

ဟန်ဘင်းနဲ့ ရှေ့တည့်တည့်မှာထိုင်ပြီး ပြောနေကြတာမို့ သူငယ်ချင်းမနှစ်ယောက်ရဲ့ ငြင်းခုံပွဲကို ဟန်ဘင်းက ရှင်းရှင်းလင်းလင်းကို ကြားနေရတယ်။ စာတမ်းထပ်ရဖို့က သိပ်မလိုတော့တာမို့ အချိန်ဇယားတွေ ပြည့်ကြပ်နေတဲ့ကြားက ဒီနေ့တော့ ဟန်ဘင်းက ကျောင်းကို အရောက်လာခဲ့ခြင်းဖြစ်တယ်။
ကျောင်းဝန်းထဲမှာဆို ပရိတ်သတ်တွေ ဝိုင်းအုံလာတတ်ပေမယ့် အတန်းထဲအထိတော့ မလိုက်ကြ‌ပေ။ အတန်းထဲက လူတွေကတော့ ဟန်ဘင်းကို ထူးထွေပြီး အထူးအဆန်းလုပ်မနေကြ‌တော့ပါ။ ဒါကြောင့်လည်း ဒီနေ့အတွက်‌ ကျောင်းလာရတာနဲ့တန်အောင် စာတမ်းအတွက် ကြိုးစားလုပ်နေတုန်း သူ့သူငယ်ချင်းနှစ်ယောက်ရဲ့ ငြင်းခုံပွဲက အစပြုလာခြင်းဖြစ်တယ်။ ဟန်ဘင်းကတော့ ဘာမှဝင်မပြောဘဲ ခပ်ဆိတ်ဆိတ်သာကြည့်နေဖြစ်တယ်။

"ဒါက ခုနှစ်သက္ကရာဇ်တွေ မ‌ဆိုင်ဘူး....လူတစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြုံတွေ့ရဖို့အတွက် ကံကြမ္မာဆိုတာ သတ်မှတ်ပြီးသား...ဟန်ဘင်းကိုပဲ ကြည့်"

ကိုယ့်နာမည်ပါပါလာတော့ ဟန်ဘင်းက မျက်ခုံးအသာပင့်တော့ မီနာက "နင်နဲ့ မက်သရူးလေ" ပြောလာသည်။

ဟန်ဘင်း၏ သူငယ်ချင်း အများစုက မက်သရူးကိုပါ သိကြတယ်။ သူတို့ မdebutခင်ကတည်း ဟန်ဘင်းသိပ်ကို သည်းသည်းလှုပ်လွန်းတဲ့ကောင်လေးဆိုပြီး သူ့သူငယ်ချင်းတွေက မက်သရူးကို ရင်းနှီးနေကြတာဖြစ်သည်။

"နင်စဉ်းစားကြည့်စမ်းပါ အမ်မလီ ဟန်ဘင်းတို့နှစ်ယောက်ဆို entertainmentတောင် ကွဲသွားခဲ့ကြပြီးမှ Boys Plantet မှာ အတူတူဝင်ပြိုင်ကြရင်း အတူတူdebutနိုင်သွားတာ ဘယ်လောက် အံ့ဩဖို့ကောင်းတဲ့ ကံကြမ္မာလဲ...."

DESTINED ?Where stories live. Discover now