🧡အတိတ်မေ့ ခင်ပွန်း🧡Part 23(warning🚨🚨)

8.4K 269 45
                                    

🧡အတိတ်မေ့ ခင်ပွန်း🧡Part 23(warning 🚨🚨🚨)

This chapter contains a lot of sexual content so if you are under 18 don't read or skip this chapter 🔥

ကမ်းခြေမှဖြတ်တိုက်လာတဲ့လေဟာ သူမခြုံထားတဲ့ ခြုံလွှာအား ပေါင်ရင်းထိပေါ်သွားစေသည်

ပန်ပန် လေ့ကျင့်မှုတွေအများကြီးကြုံ့တွေ့ခဲ့ရတာကြောင့် ဒီလောက်အအေးဒဏ်က သူမအတွက် အသေးအဖွဲပင်

"ရလောက်ပြီ....."

ဒီပယံ ကင်ထားတဲ့ ငါးကင်ကို သူမကိုကမ်းပေးလိုက်ရာ ပန်ပန် သူမရဲ့ တတိယမြောက်သော ငါးကင်ကို လက်ခံစားသောက်လိုက်သည်

"သူတို့အဆင်ပြေမယ်ထင်လား...."

ဒီပယံ ပန်ပန်အားမေးတော့ သူမက သူမရဲ့နှင်းဆီနီတွေကို ယုံကြည်စွာခေါင်းငြိမ့်ပြလေသည်

အမှန်တော့ Lucaကို သူတို့ အဲ့အဆောက်အအုံမှာဘဲ လုလင်/ယုသော်နဲ့အတူထားခဲ့တာ အဲ့တာကြောင့်လည်း မြွေပွေးဂိုဏ်းခေါင်းဆောင် စေရာ ရှာမတွေ့ဘဲ လွတ်သွားခဲ့တာ....

ဒီအချိန်လောက်ဆို လုလင်ဟာ ယုသော်နဲ့အတူ တွဲဖက်ညီညီလုပ်ဆောင်ပြီး သူမတို့ကို ကယ်ဆယ်ဖို့ လာနေလောက်ပြီ

"သူတို့ရှာတွေ့မယ်ထင်လား ချမ်း ကျွန်မတို့တော်တော်ဝေးဝေးမျောလာတာ...."

ပန်ပန် ကျွန်းငယ်လေးမှာ သူမတို့နှစ်ယောက်တည်းရှိတာတွေး၍ ပြောလိုက်ရာ ချမ်းက သူ့ဆီက ခြေရာခံစက်အား ထုတ်ပြသည်

"ခုဏက ထိခိုက်သွားလို့ဖြစ်မယ် အချက်ပြချက်က နှေးနေပေမဲ့ လုလင်ရှာတွေ့မှာပါ...."

ဒီပယံ ထိုသို့ပြောကာ ပန်ပန့်ပါးစပ်မှာပေနေတဲ့ အမဲတစ်ချို့ကို သုတ်ပေးလိုက်သည်

အဲ့တော့မှ ပန်ပန်က သူမလက်ထဲက ငါးကင်အားချကာ ချမ်းရဲ့ပါးကို နမ်း၍ ထပြေးသည်

"ဟီးးး လိုက်ဖမ်း....."

ဒီပယံ ဒီလောက်ကျည်ဆန်တွေကြားက ပြေးလွှားနေရတာတောင် မပင်ပန်းသေးတဲ့ မိန်းကလေးကြောင့် သူ့နှုတ်ခမ်းတွေပြုံးသွားရသည်

သူမဟာ two-pieceလေးဘဲ ဝတ်ဆင်ထားကာ ပုဝါပါးလေးကို တဇောင်းပတ်ပြီး ပေါင်သားတစ်ဖက်ကို လှစ်ဟပြထားသည်

🧡အတိတ်မေ့ခင်ပွန်း🧡Where stories live. Discover now