×

2.2K 181 19
                                    

!a little warning!






ဆောနူတိုက်ခန်းနံပတ်ကိုရိုက်ထည့်ပြီး
ဝင်လိုက်သည်နှင့် ဧည့်ခန်းကဆိုဖာမှာခြေချိတ်ထိုင်နေသည့်
မျက်နှာထားတင်းတင်းနှင့်လူကိုမြင်လိုက်ရ၏။

အနှုတ်လက္ခဏာလိုဆောနူနှုတ်ခမ်းစေ့စေ့လေးမှာ
ချက်ချင်းအပေါ်ကိုတွန့်ကွေးသွားရသည်။
စိတ်လိုလက်ရပြုံးလိုက်ခြင်းတော့မဟုတ်။

အိမ်စီးဖိနပ်အားပြောင်းစီးလိုက်ပြီးနောက်
သူ့အားစူးစိုက်ကြည့်နေသူဆီတည့်တည့်လျှောက်သွားမိတော့
ထိုသူကတစ်ဖက်ကိုအကြည့်လွှဲကာ ထင်းထင်းမြင်နေရတဲ့
လည်ပင်းတစ်လျှောက်အကြောစိမ်းတို့ကသူ့အား
ဘာဖြစ်နေမှန်း အတိအကျပြောပြနိုင်သလိုပင်။

ဆောနူမသိမသာခိုးရယ်လိုက်ရသည်။
ထို့နောက် ထိုသူရှေ့ဝင်ရပ်ပြီးငြိမ်နေလိုက်တော့
တစ်ချက်မျှမော့မကြည့်လာခဲ့။

လျစ်လျူရှုထားသလိုခံစားလာရတာမို့
ခပ်လျှောလျှောထိုင်နေသည့်ထိုသူ၏ပေါင်ပေါ်ဆောနူ
မျက်နှာချင်းဆိုင်အနေအထားအတိုင်းတက်ထိုင်လိုက်တော့လည်း
ခါတိုင်းလို သူ့ခါးကိုမဖက်တွယ်လာပါသည့်လက်တွေ။

မျက်နှာကိုတစ်ဖက်လှည့်ထားတဲ့လူကြီးရဲ့လည်ပင်းကို
လက်နှစ်ဖက်နဲ့ချိတ်တွယ်လိုက်ပြီးနောက်
ဆောနူအကြည့်ချင်းဆုံဖို့ကြိုးစားမိသည်။

မျက်နှာကရှေ့တည့်တည့်ကိုလှည့်လာပါသော်လည်း
အခုထိသူ့ဆီအကြည့်မရောက်သေး။
တွန့်ချိုးနေသည့်မျက်ခုံး ၊ အောက်စိုက်ကျနေသည့်
မျက်လုံးစူးစူးတို့ကကိုကို စိတ်မကြည်မှန်းပိုသိသာစေ၏။

ဆောနူလက်တစ်ဖက်ကကိုကို့လည်ပင်းကိုဖက်တွယ်ထားရင်း
နောက်လက်တစ်ဖက်ဖြင့်ကိုကို့မေးဖျားကို
ဖွဖွထိပြီးမော့ကြည့်လာစေရန်ကြိုးစားမိတော့..

"တခြားကောင်ကိုထိထားတဲ့လက်တွေနဲ့ငါ့ကိုလာမထိနဲ့"

ချက်ချင်းအပေါ်ကိုမော့ပစ်လို့
သူ့အထိအတွေ့ကိုရှောင်ရှားလိုက်ပါသည့်ကိုကို။
အေးတိအေးစက်ထွက်လာပါသည့်အသံဟာလည်း
ကျောရိုးတစ်လျှောက်အေးခဲသွားစေနိုင်သည့်အထိပင်။

ℕ𝕆! [𝖧𝖤𝖤𝖲𝖴𝖭] | Commission Where stories live. Discover now