Unicode

2.3K 215 15
                                    

(ကိုကို့မွေးနေ့ projectမှာပါဝင်ဖြစ်ခဲ့တာလေးပါ။အားလုံးအတွက် page adminဆီမှ ခွင့်တောင်းပြီး ပြန်မျှ​ဝေလိုက်ပါတယ်)

TWO WORDS

Tag _ romance, ego, 18+

"အခက်အခဲကြုံရင် ကိုယ့်ကိုပြောနော်.."

မျက်လုံးလေးတစ်ဖက်မှိတ်ပြတယ်။ ရှေ့သွားကြီးကြီးတွေကို ပေါ်အောင်ပြုံးလိုက်တယ်။ အကြည်ဓာတ်လေးဆိုတဲ့ စကားလုံးက သူ့ရှေ့က အမျိုးသားအတွက် မူပိုင်ဖြစ်ခဲ့သလားပဲ။

"ဟုတ်ကဲ့ ကျွန်တော်အဆင်ပြေပါတယ် အကို"

သူ့စကားကို ခေါင်းညိမ့်ပြုံးကာ အသိအမှတ်ပြုရင်း လှည့်ထွက်သွားသူဟာ သူရဲ့အလုပ်ရှင်၊ တစ်နည်းအားဖြင့် သူအလုပ်လုပ်တဲ့ ဘားရဲ့ပိုင်ရှင်ဖြစ်တယ်။ ဝမ်ရိပေါ်ရဲ့ ဘဝကို ဖြောင့်ဖြူးစေချင်သူဆိုလည်းမမှား။

ဖခင်ကိုပဲ အမှီပြုနေထိုင်ခဲ့ကြတဲ့ သူတို့သားအမိဟာ ဖခင်မရှိတဲ့နောက်မှာ လောကဓံကို ဦးညွှတ်ခဲ့ရတယ်။ မိခင်ဟာ ဖခင်ကို လွမ်းတဲ့စိတ်ရယ်၊ မလုပ်တတ် မကိုင်တတ်တဲ့ စီးပွားရေးကိစ္စတွေရယ်ကြောင့် အိပ်ရာထဲလဲခဲ့ရပြီး ပိုင်ဆိုင်ခဲ့တဲ့ အသေးစား company ဟာလဲ ဒေဝါလီခံလိုက်ရတယ်။

စုပြုံပြီးရောက်လာတဲ့ ကံဆိုးခြင်းတွေနဲ့အတူ သူ့ဆီကိုရောက်လာတဲ့အကိုဟာ သူ့အတွက် နေရောင်ခြည်လို ကံကောင်းခြင်းလေးဖြစ်တယ်။

အကိုရဲ့အိမ်က သူ့ရဲ့အိမ်ဘေးမှာ။ မိခင်အိပ်ယာထဲလဲနေခြင်းကို သိတဲ့နောက် အကိုက သူ့ရဲ့ကျောင်းစရိတ်တွေကို ထောက်ပံ့ပေးချင်သူ၊ သူတို့သားအမိကို စောင့်ရှောက်ပေးချင်သူ။

အကို့ရဲ့ထောက်ပံ့မှုတွေကို အလကားမယူတဲ့ သူဟာ အကိုရဲ့ဘားမှာ အလုပ်ဝင်ခဲ့တယ်။ အကိုက သူ့အပေါ်မှာ သိပ်ကိုနွေးထွေးသူပါ။

ခွမ်း...!

waiterကောင်လေးရဲ့ အပေါ်သို့ယိုင်ကျသွားတဲ့ မိန်းမငယ်လေး။ သယ်ယူလာတဲ့ ဖန်ခွက်တွေက waiterလေးရဲ့ လက်ထဲကနေ လွတ်ကျသွားလေရဲ့။

"မထိနဲ့လို့ပြောနေတာ မင်းမှာနားမပါဘူးလား"

"..."

𝙏𝙬𝙤 𝙒𝙤𝙧𝙙𝙨 [One Shot]Where stories live. Discover now