+ 𝟭𝟭𝟭 (𝙁𝙞𝙣𝙖𝙡𝙚)

504 61 28
                                    

ဆန့်ကျင်ဖက်ဆိုတာ မင်းမို့လို့ ထည့်စဉ်းစားစရာ မလိုတဲ့ အချက် ဖြစ်နေခဲ့တာ ထင်တယ်။

ဟုတ်ပါတယ်။

မင်းနဲ့ဆို ကိုယ်ဟာ အကြိမ်ကြိမ် ရှုံးတယ် ...

———————————X———————————

"ဟာအိုဟျောင်း သူက ဘယ်သူလဲ"

ထယ်ရယ်ကို ကြည့်ကာ တစ်ခွန်းချင်း ပီပီသသ မေးလိုက်တဲ့ ရစ်ခီ့အမေးအောက်မှာ သူ့နှလုံးသား တစ်စုံဟာ ပြင်းထန်စွာ နာကျင်လို့။

ဆေးရုံပေါ်မှာ လှဲနေရတဲ့ ဒီအချိန်ခဏလေးမှာပဲ ရစ်ခီက သူ့ကို မသိတော့ဘူး။

ရှုပ်ထွေးလာတဲ့ စိတ်အစဉ်နဲ့အတူ ခံစားချက်တွေကို ခဏ ဘေးပို့ကာ သူ သေချာ သိချင်သေးတယ်။ ထိုအခိုက် ထိုင်ရက်ဖြစ်နေတဲ့ ရစ်ခီ့ဘေးကို ဝင်ထိုင်လိုက်ပြီး ပါးနှစ်ဖက်ကို သူ့လက်တွေနဲ့ ဆုပ်ကိုင်ကာ မျက်လုံးချင်း ဆုံစေရင်း။

"ရစ်ခီ... ရစ်ခီ ငါ့ကိုကြည့်"

"အင်း"

"သေချာ ကြည့်နော်။ တကယ် ငါဘယ်သူလဲ မသိဘူးလား"

"ကျွန်တော်တို့က သိခဲ့လို့လား"

နောက်ဆုံးကျန်တဲ့ ထယ်ရယ်ရဲ့ မျှော်လင့်ချက် သေးသေးလေးဟာ ကန်ရေပြင်ကို ကျသွားတဲ့ ကျောက်စရစ်လုံးလို အဆုံးအစမရှိ နစ်မြှုပ်လို့။

ဆွံ့အသွားတဲ့ စကားသံတွေအစား ရက်များစွာ တောင့်ခံထားခဲ့ရတဲ့ မျက်ရည်စတွေက ပါးပြင်ထက်မှာ အပြေးအလွှား နေရာယူလို့။

"ဆရာဝန်။ ဟာအိုဟျောင်း ဆရာဝန်ကို ခေါ်ပေးပါဦး။ရစ်ခီက ကျွန်တော့်ကို မသိဘူးတဲ့"

ကြံရာမရ ဘေးမှာ ရပ်နေတဲ့ ဂျူတီကုတ်နဲ့ ဟာအိုဟျောင်းကို တကြော်ကြော်အော်ရင်း ကလေးတစ်ယောက်လို ငိုကြွေးမိတော့တယ်။

သူ့အရှေ့က ဆရာဝန်ကို အော်ခေါ်ခိုင်းရင်း တရှုံ့ရှုံ့ နဲ့ နှုတ်ခမ်းထော်ထော် ငိုပြောနေတဲ့ ကင်မ်ထယ်ရယ်က အခုမှ ဘဲပေါက်နဲ့ ပိုတူနေရော။

ရှန်လို့ ခေါ်တာလေး ကြားချင်လို့ စသာ စနေရပေမယ့် အရှေ့က ရစ်ခီ့ရဲ့ ပြဿနာအိုးလေးက သူခေါ်စေချင်သလို မခေါ်ဘဲ ဘဲပေါက်လေးလို ငိုပဲနေတော့ ဆက်မတောင့်ခံနိုင်တာလည်း သူပါပဲ။

𝙀𝙞𝙩𝙝𝙚𝙧-𝙊𝙍Where stories live. Discover now