"လီယာတဲ့လား မင်းသမီးလေးနာမည်က...”
"ဟုတ်ပါတယ် အရှင်...”
"ကိုယ်တော်က မမြင်ရပေမယ့် အမ်မရေးရဲ့မင်းသမီးက သိပ်လှတယ်လို့ ကျော်ကြားတယ်...သားတော်အမြင်ကရော ဘယ်လိုလဲ...”
ဘုရင်ကြီးက မင်းသမီးလေးကို မင်းသားရဲ့ကြင်ယာတော်ဖြစ်စေချင်သည်နှင့်တူသည်...မင်းသမီးကိုချီးကျုးပြီးတာနဲ့ မင်းသားရဲ့မျက်လုံးထဲရော လှရဲ့လား, သဘောကျရဲ့လားလို့ မေးလာသည်....
အီရန် သူ့အဖြေကိုစောင့်နေကြတဲ့ ညီလာခံခန်းမကြီးအတွင်းက လူတွေကို စင်ပေါ်ကနေတစ်ချက်အကဲခတ်လိုက်မိသည်...သူဖြေမှရတော့မည်...
"မင်းသမီးလီယာက သိမ်မွေ့နူးညံ့တဲ့ပုံပေါ်ပါတယ် ခမည်းတော်...”
တော်ဝင်မင်းသား ဂျွန်အီရန့်ရဲ့အဖြေကိုကြားပြီး မျက်နှာလေးပျက်သွားတဲ့ လီယာ....ချက်ချင်းပင် ပျက်သွားတဲ့မျက်နှာကို ဖုံးပစ်လိုက်ကာ ပြုံးပြနေရင်း...
"အရှင့်သားဆီက အသိအမှတ်ပြုခံရလို့ ဝမ်းသာမိပါတယ်...”
"လီယာ ပန်းလေးလိုလှတာပဲ...”
တော်ဝင်မင်းသား၏ဆရာဖြစ်သော တော်ဝင်အကြံပေးအရာရှိကြီးက ချီးကျူးစကားပြောလာသည်...သူ့ရဲ့တပည့်အတွက် အမ်မရေးမင်းသမီးလီယာက အသင့်တော်ဆုံးလို့ထင်မိသည်...
လီယာပြုံးပြလိုက်ရင်း တော်ဝင်မင်းသားကိုအကဲခတ်တော့ သူမကိုကြည့်မနေပေ....သူမကဖြင့်မြင်မြင်ချင်းပင်သဘောကျမိတာကို....
"မင်းသမီး....ဒီမှာပျော်သလောက်နေပါ...နောက်သုံးလဆို ကြင်ယာတော်ရွေးပွဲကျင်းပတော့မှာပဲ...အခြားနိုင်ငံတွေရဲ့ မင်းသမီးတွေက ပွဲနားနီးမှလာကြမှာဆိုပေမယ့်...မင်းသမီးကတော့ မပြန်ပဲနေရင်အဆင်ပြေမယ်ထင်တယ်....”
ဘုရင်ကြီးစကားကြောင့် လီယာခန်းမကြီးအတွင်းဝေ့ဝဲကည့်လိုက်မိသည်...သူမကိုမလိုလားတဲ့အရိပ်ယောင်တစ်စိလေးမျှမတွေ့ရလို့ ရင်ထဲမှာပျော်သွားရသည်...တစ်ယောက်သောသူကတော့ချွင်းချက်ပေါ့...မျက်နှာကြီးတည်တင်းနေတာ ဘယ်သူကသူ့ကိုဘုရင့်သားတော်လို့မသိမှာမို့လို့လဲ....
YOU ARE READING
💜Destiny of Royal Prince and the blue eyes magician💜
Historical Fictionjjk & kth 16.9.2023