Part-1

29 3 0
                                    

ဘားထဲသို့ လျှောက်ဝင်လာသော ဂျောင်ကု ခြေလှမ်းတို့က ခပ်သွက်သွက်ဖြင့်။

ဆောင်းဝင်နေပြီဖြစ်တဲ့ ညခင်းသော်လည်း သူ့နားထင်စမှ ချွေးတို့ စိုနေသည်။

ဘားထဲကို ရောက်လာပြီဖြစ်သဖြင့် ဂျောင်ကုသည် မျက်လုံးတစ်ချက်ဝေ့လို့ တစ်စုံတစ်ယောက်ကို ရှာလိုက်သည်။

ထိုတစ်စုံတစ်ယောက်သည် အခုချိန်မှာ သေချာပေါက် စားပွဲပေါ် ခေါင်းတင်လို့ မှောက်နေလိမ့်မည်။

ဟော… တွေ့ပါပြီ။

စားပွဲပေါ် ခေါင်းတင်လို့ လက်က ဖန်ခွက်ကို ကိုင်လျက် မှောက်နေသော သူ့ရဲ့ မနိုင်စိန်လေး ကင်မ်ထယ်ယောင်း…။

အခုမှပဲ ဂျောင်ကုမှာ လေပူကြီးတစ်ချက်မှုတ်ထုတ်လို့ ခေါင်းခါနိုင်တော့သည်။

တကယ်ပဲကွာ။
မသောက်နိုင်တဲ့ အရက်ကို ဘယ်လောက်ထိ သောက်လိုက်ပြန်ပြီလဲ။ စားပွဲပေါ် မှောက်တဲ့အထိ သောက်ရတယ်လို့။

ဂျောင်ကုသည် ထယ်ယောင်း ရှိနေသည့် စားပွဲဝိုင်းသို့ သွားကာ မှောက်အိပ်နေသော ထယ်ယောင်းကို လှုပ်နှိုးရသည်။

"ထယ်…ထယ် ထပါအုံး"

မနိုင်စိန်လေးက ဟောက်သံတောင်မှ ထွက်လို့ အိပ်နေတာများ။ မသိရင် ဒီဘားက သူ့အိမ်လိုပဲ စိတ်ချ လက်ချနဲ့။ တကယ် သူ့မှာတော့ ယောကျာ်းလေးတန်မဲ့ ဒီလောက်ထိ ချစ်ဖို့ကောင်းတဲ့ အမျိုးသားလေးကို ပိုင်ဆိုင်ထားရလို့ ဘာဖြစ်ဖြစ် စိတ်ပူလိုက်ရတာ…

ဒင်းလေးကတော့ ဘာမှ ဂရုမစိုက်သလိုပဲ။

"ထယ်ရေ…ထပါအုံး အိမ်ပြန်ရအောင်လေကွာ…ထယ်…"

ပခုံးလေးကို အသာကိုင်လှုပ်လို့ အခါခါနှိုးတော့မှ နိုးလာဟန်ရှိသော သူ့အချစ်လေးပါ။

"ထယ်…အများကြီး သောက်ထားတာလား ဘာဖြစ်ရတာလဲ"

"အင်"

ထယ်ယောင်းက အိပ်ချင်မူးတူး မျက်လုံးများဖြင့် ဂျောင်ကုကို ခေါင်းထောင်ကြည့်လာသည်။
နောက်ပြီး သူ့ဟာသူ မျက်မှောင်ကုတ်သွားကာ သူ့ပခုံးပေါ် တင်ထားသော ဂျောင်ကု လက်ကို ဖယ်ချပစ်လိုက်သည်။

MORE THAN EVERYTHING (TAEKOOK )Where stories live. Discover now