❄
အက်ကြောင်းတွေ များလာတဲ့အခါ အသုံးမခံတော့တဲ့ ဖန်ခွက်တစ်လုံးလို....
ဆက်ထုံးတွေများလာတဲ့အခါ မချောမွေ့တော့တဲ့ ကြိုးတစ်ချောင်းလို....
သံယောဇဉ် ကြိုးတစ်ချောင်းဟာလဲ ခဏ ခဏ ပြန်ဆက်နေရရင် အဖုအထစ်တွေ ရှိလာတာပဲမဟုတ်လား...
ပိုဆိုးတာက အဲ့ဒီကြိုးလေးကို ခိုင်မြဲအောင် မဆက်နိုင်ခင်မှာ ဖြတ်ချဖို့ ဓားတစ်လက် အသင့်ရှိနေခြင်းဟာလဲ ကြမ္မာဆိုးဖို့ ဖန်နေသလို....
ကိုယ် Day duty ကျတဲ့ ရက်တွေထဲက နေသာတဲ့ ရက်တစ်ရက်မှာပေါ့...
" နောက်ထပ် လာမယ့် patient တွေ ရှိသေးလား ဆူဇီ"
လူနာတွေကို ကြည့်ပေးနေချိန်မှာ ကူညီပေးနေတဲ့ သူနာပြုဆရာမလေးကို Jimin နောက်ထပ် booking လုပ်ထားတဲ့ လူနာ ရှိမရှိ မေးကြည့်လိုက်တဲ့အခါ...
" တစ်ယောက်တော့ ရှိသေးတယ် Doctor "
" ဒါဆိုခေါ်လိုက်တော့လေ... ဒီတစ်ယောက်ပြီးရင်တော့ ကျွန်တော့် Duty ပြီးပြီနော်"
"ဟုတ်ကဲ့ Doctor "
သူ့ရဲ့ ခွင့်ပြုချက်နဲ့ပဲ ဆူဇီက အခန်းပေါက်ဝမှနေ နောက်တစ်ယောက် ဝင်လာဖို့ကို အသိပေးလိုက်သည်။
ဆူဇီ့ ရဲ့ ခေါ်သံအဆုံးမှာ အခန်းထဲကို ဝင်လာတဲ့ ဒေါက်ဖိနပ်သံ တညံညံနဲ့ အတူ စူးရှရှ ရေမွှေးနံ့က အခန်းတွင်း လှိုင်ခနဲ...
ဘယ်လိုလူနာကများ ဆေးရုံလာတာကို ရေမွှေးပုလင်းမှောက်ကျသလို ဆွတ်လာပါလိမ့်....
အတွေးနဲ့အတူ ဝင်လာတဲ့လူကို မော့ကြည့်လိုက်တော့ မောင်တို့အရွယ်လောက်ပဲ ရှိမယ့် ကောင်မလေးတစ်ယောက်...
တိတိကျကျပြောရရင် ဘယ်နေရာမှာမှ လူနာနဲ့တူမနေတဲ့ မိန်းမလှလေးတစ်ယောက်ပေါ့။
ဖြူဖွေးနေတဲ့အသားအရည်ပေါ်မှာ အနက်ရောင်ကိုယ်ကြပ်အင်္ကျီကို ဝတ်ဆင်ထားတာက ခန္ဓာကိုယ်ကောက်ကြောင်းတွေ အထင်းသား။
လည်ပင်းခပ်ဟိုက်ဟိုက်နဲ့ ပေါင်လည်ကျော်ကျော်ထိ တိုတက်နေတဲ့ ဝတ်စုံကြောင့် မိန်းကလေးတစ်ယောက်ရဲ့ ရှိသင့် ရှိထိုက်တဲ့ ရှိုက်ဖိုကြီးငယ်တွေက အတိုင်းသားလား....
YOU ARE READING
နှောင်းအတိတ်ဆီက မောင် (JIKOOK) (SEASON 1)
Fanfictionငါ့ အရှုံးတွေနဲ့ ထိုက်တန်အောင် မင်း ပျော်နေပါ မောင်