15. 𝐠𝐲𝐮𝐯𝐢𝐧 × 𝐫𝐢𝐜𝐤𝐲

3.3K 159 13
                                    

A/N : စာရေးဆရာ rated_R nimရဲ့ fictionကို ဘာသာပြန်ရေးသားခြင်းသာ ဖြစ်ပါတယ်။ မူရင်းlinkကို commentမှာ မန့်ပေးထားပါ့မယ်။ comissionတွေလည်း ပြီးအောင် ရေးနေပါတယ်ဗျ မျက်လုံးတစ်ဖက်ခိုက်မိထားလို့ တစ်ဝက်နီးပါး ရဖို့ကျန်နေသေးတဲ့ comissionအပ်ထားသူလေးတွေကတော့ နည်းနည်းစောင့်ပေးကြပါအုံးနော်

•••

ရစ်ခီ၏ စိတ်အခြေအနေသည် ကောင်းမွန်လျက်။ လောလောလတ်လတ်ကမှ လျှော်ထားသော ဆံပင်တချို့၊ မီးပူတိုက်ပြီးခါစ အကင်္ျီအသစ်နှင့် သူ့နေ့ရက်တွေဟာလည်း သာယာလျက်။ သူသည်လည်း ပြုံးပျော်လျက်။

အပေါင်းအသင်းတွေနဲ့ တစ်လမ်းလုံး ရယ်မောစကားပြောကာ အကွေ့တစ်ခုမှာတော့ လမ်းခွဲခဲ့ကြပြီး ရစ်ခီ့ဦးတည်ရာသည် ကျောင်းတွင် သူသဘောအကျဆုံးသော တင်းနစ်ကလပ် နားနေခန်းဆီသို့ ကူးပြောင်းနေ၏။

ပြုံးရယ်ရင်း တံခါးခလုတ်ကိုလှည့်ဖွင့်ကာ အတွင်းကို တွန်းလိုက်တဲ့အထိလည်း ရစ်ခီ ပြုံးနေတုန်းသာဖြစ်သည်။

သို့သော် သူ့အပြုံးတွေဟာ ကြာရှည်တော့ မခံခဲ့ပေ။ အဲ့အချိန်တစ်ခုကိုရောက်ပြီဆိုတာနဲ့ သူ့အပြုံးတွေပျောက်သွားရသည်ချည်းသာ။

အဲ့အချိန်၊ အဲ့အကြောင်းအရင်း၊ အဲ့ကံဆိုးမှု၊ အဲ့အလိုမကျမှုတွေရဲ့ အုတ်မြစ်ဟာ နားနေခန်းထဲကို ရောက်နှင့်နေပြီဖြစ်တဲ့ ထိုလူသားနဲ့ သူ့ရဲ့စောက်မြင်ကပ်စရာ ရေကူးအသင်းတစ်ခုလုံးဖြစ်ကြောင်းကိုတော့ ရှင်းပြစရာမလိုတော့ပေ။

ပုပ်သိုးသွားတဲ့ ရစ်ခီမျက်နှာ။

ခန့်မှန်းစရာမလိုသော မေးခွန်းအတွက် အဖြေသည် အသင့်။

သေချာပေါက်ပါပဲ။ ထပ်ပြီး ကင်မ်ဂယူဘင်းကြောင့်ပဲ ဆိုတာ။

ဂယူဘင်းဟာ သူ့အာရုံကြောတွေထဲအထိ လာရောက်ထိုးကိုက်နေတဲ့ အင်းဆက်လို သတ္တဝါမျိုး။ ထိုသတ္တဝါသည်ကား အကြောင်းပြချက်မရှိစွာ သူ့ကို အဆင်မပြေဖြစ်အောင်လုပ်နေခဲ့တာ အခုဆို ရက်သတ္တပတ်အနည်းငယ်ပင် ကျော်လာခဲ့ပြီ။

အပျော်သက်သက် လာလုပ်နေတာလား?

သိသိသာသာပါပဲ။ လူတိုင်းမှာ အတိုင်းအတာဆိုတာမျိုးက ဖောက်ထွက်သွားတာမျိုးရှိတတ်ကြသည်ချည်း။ ယခုတစ်ခေါက်တော့ ဖောက်ထွက်နိုင်သွားတဲ့အရာဟာ ရစ်ခီ့ရဲ့သည်းခံနိုင်တဲ့ အတိုင်းအတာတွေသာ ဖြစ်တယ်။

To All the boys Ricky've loved beforeWhere stories live. Discover now