"ဥက္ကဋ္ဌ ဥက္ကဋ္ဌ!!"
အလောတကြီးပြေးလာတဲ့ အတွင်းရေမှူးဟာ သူ့အခန်းထဲ တံခါးတောင် မခေါက်ဘဲ ဝင်လာတာကြောင့် မျက်ခုံးတွေ တွန့်ချိုးလိုက်မိသည်၊
"ဘာကိစ္စလဲ? အဲ့လောက် အရေးတကြီး ဖြစ်နေရအောင်!"
"ဟိုဟာ အောက်မှာ ဧည့်သည် ရောက်နေလို့"
"ချိန်းဆိုမှု မရှိရင် ငြင်းပစ်ရမယ်ဆိုတာ ဧည့်ကြိုကောင်တာက မသိဘူးလား?"
ရစ်ခီမှာ စိတ်တိုလာ၍ လည်ပင်းမှ necktie အား အနည်းငယ် ဖြေလျှော့လိုက်သည်။
"ငြင်းလို့ရတဲ့ ဧည့်သည် မဟုတ်လို့ပါ၊ အောက်မှာ ရောက်နေတာက ဥက္ကဋ္ဌကောင်လေးပါ,"
"ဟမ်? အပေါ်မတက်လာဘူးလား?"
သူ့မေးခွန်းကြောင့် အတွင်းရေးမှူးက တံတွေးမျိုချလိုက်ကာ...
"သူက 'အခုချက်ချင်း မင်းတို့ သူဌေး ရှန်ချွမ်ရွေ့ကို အောက်ဆင်းလာခိုင်းလိုက်' ဆိုပြီး ပြောလာလို့ပါ"
သူဘာမှ ပြန်ပြောမနေတော့၊ တပ်ထားသည့် မျက်မှန်အား ချွတ်ကာ အပေါ်မှ ဝတ်သည့် ကုတ်အင်္ကျီ အမဲရောင်အား ဆွဲယူပြီး ဓာတ်လှေကား ရှိရာသို့ ဒုန်းဆိုင်းပြေးရတော့သည်၊
"ဟဲ့ ဥက္ကဋ္ဌ မလား ပျာတိပျာယာနဲ့က"
"သူ့ကောင်လေး ရောက်နေတယ်ပြောတယ်"
"ဟယ် အဲ့လောက်တောင် ဖြစ်ရလား?"
အလုပ်ဝင်လာတာ မကြာသေးပုံရသည့် ကောင်မလေး၏ အမေးစကားကို စီနီယာတွေကတော့ "ကြာရင် အသားကျသွားမှာ" ဟူ၍သာ နှစ်သိမ့်ကြသည်၊
.
.
.
.
.ဓာတ်လှေကားတံခါးပွင့်သည်နှင့် ပျာယာခတ်ကာ ပြေးလာသည့် သူတို့ ဥက္ကဋ္ဌကိုကြည့်ပြီး ဝန်ထမ်းတွေကတော့ မထူးဆန်းတော့သလိုပင် ရှောင်သွားကြသည်၊
"ကော်ဖီဆိုင်မှာတွေ့ခဲ့သေးတယ် အရပ်အမြင့်ကြီးပဲဟယ် မိုက်လိုက်တာ"
"တိတ်တိတ်နေစမ်း ကောင်မ အလုပ်မပြုတ်ချင်ရင်"
ဘယ်သူတွေ ဘာပဲပြောပြော လျစ်လျူရှုကာ ရည်းစားလေးဆီ ရောက်ဖို့သာ အာရုံစိုက်နေသည့် ရစ်ခီမှာတော့ နောက်ဆုံး ပန်းတိုင်ကို ရောက်သွားပြီ ဖြစ်သည်။