Part ( 22 )

2.3K 136 20
                                    

ဒီနေ့က လီဆာရဲ့ စားသောက်ဆိုင် စဖွင့်တဲ့နေ့ ​။

စားသောက်ဆိုင်နာမည်ကို LINI CANDY BAR ဟုနာမည်ပေးခဲ့သည်။ LINI ကတော့ လီဆာနှင့်ဂျဲန်းနီတို့ရဲ့နာမည်။ အမေရိကန်တွေကချောကလက်ကို Candy လို့ခေါ်ကြတာကိုသတိရမိသည်။ ပြီးတော့ချောကလက်ဆိုတာကလည်းအချစ်ရဲ့သင်္ကေတထဲကတစ်ခုဆိုတော့ သူတို့နှစ်ယောက်ရဲ့အချစ်တွေနဲ့စတင်ခဲ့တဲ့ဆိုင်လေးအဖြစ်အမှတ်ရအောင် LINI CANDY BAR ဟုသာအမည်ပေးခဲ့လိုက်သည်။

ဂျဲန်းက အခုထိမသိသေးပေ။ ယောက္ခမနဲ့ အစ်မဂျီဆူးတို့ကတော့ဆိုင်ကိုရောက်နေပြီဖြစ်သည်။ ဂျဲန်းရဲ့သူငယ်ချင်းနှစ်ယောက်ကိုလည်းဖိတ်ထားသေးသည်။ အိပ်ယာနိုးသည်နှင့် လီဆာပြင်ဆင်ပေးထားသည့် အဖြူရောင် ဂါဝန်ကို ဂျဲန်းနီကဝတ်ဆင်လိုက်သည်။ လီဆာကတော့ ပေါ့ပေါ့ပါးပါး အဖြူရောင်ရှပ်လက်ရှည်နဲ့ စတိုင်ပင်တို့ကိုသာတွဲဝတ်လိုက်သည်။ ဒီနေ့ရဲ့အဓိကလူက သူ့မိန်းမဖြစ်လေသည်။

" မောင် ဘယ်သွားမယ်ဆိုတာ အခုထိမပြောသေးဘူးနော် "

" ဟိုရောက်ရင်သိလိမ့်မယ်အချစ်ရဲ့..."

လီဆာ့ကိုထပ်မေးလည်း ပြန်ဖြေမှာမဟုတ်တာသိလို့ စိတ်ကိုလျော့ချလိုက်သည်။ မျက်စောင်းတစ်ချက်ထိုးရင်း နှုတ်ခမ်းကိုဆူလိုက်တော့ လီဆာက သူမကိုရယ်လာသည်။

မိနစ်၂၀ လောက် ကားမောင်းပြီးနောက် စားသောက်ဆိုင်တစ်ခုသို့ရောက်ရှိလာသည်။ ဂျဲန်းနီမှာ အထူးအဆန်းကြည့်နေမိသည်။ အရင်က ဒီဆိုင်ကိုမတွေ့ဖူးဘူးလေ ။ ဆိုင်ထဲကိုလှမ်းကြည့်လိုက်တော့လည်း မောင့်ရဲ့ သူငယ်ချင်းတွေအပြင် မေမေနဲ့မမကိုပါတွေ့လိုက်ရသည်။ သူတို့ရဲ့အနောက်မှာက ဂျဲန်းရဲ့သူငယ်ချင်း အမ်မလီနဲ့နာယွန်း ။ သူတို့အားလုံးက ဂျဲန်းနဲ့မောင့်ရဲ့ကားဆီသို့ကြည့်နေကြသည်။

ဂျဲန်းနီ ဟိုဟိုဒီဒီလိုက်ကြည့်နေတုန်းမှာပဲ လီဆာကားပေါ်ကအရင်ဆင်းလာပြီး ဂျဲန်းဘက်သို့လာကာ ကားတံခါးကိုဖွင့်ပေးလေသည်။ မောင်က ဂျဲန်းရဲ့လက်ကိုချိတ်ပြီးဆိုင်ထဲသို့ဝင်လာခဲ့လေသည်။

ဆိုင်ဆိုမှ ဆိုင်က အတော်လေးကျယ်သည်။ ၃ထပ်တိတိရှိပြီး အောက်ထပ်တစ်နေရာတည်းမှာပင် စားပွဲဝိုင်း ၁၅ဝိုင်းလောက်အထိရှိသည်။ စတိတ်စင်လေးလည်းရှိသည်။ အဲ့ဒီတီးဝိုင်းနေရာကို ဘယ်နေရာကြည့်ကြည့်မြင်ရအောင်လုပ်ထားသည်။ နောက်ပြီးတော့ ဘားပုံစံ ထိုင်ခုံနေရာလေးတွေလည်းတွေ့ရသည်။ ဂျဲန်းကလျောက်ကြည့်နေတုန်း မောင်ကခဏဆိုကာပျောက်သွားသည်။ မမရဲ့လက်ကိုတွဲရင်း ဆိုင်အပြင်အဆင်ကိုကြည့်ကာသဘောကျနေမိလေသည်။

You're all I want (Completed) Where stories live. Discover now