🧡အတိတ်မေ့ ခင်ပွန်း🧡Part 25

4.6K 212 23
                                    

🧡အတိတ်မေ့ ခင်ပွန်း🧡Part  25

"တောင်းပန်ပါတယ် ချမ်းသာပေးပါ တကယ် တကယ် မသိခဲ့လို့ပါ....."

"အယောက်20.........10ယောက်ဒဏ်ရာရ.....3ယောက်သေ......"

ပန်ပန်ဟာ သူမလက်ထဲက baseballရိုက်တံနဲ့ ထိုလူအား ရိုက်ချပစ်လိုက်ရာ သူမလက်တွေ သွေးတချို့စင်သွားသည်

"အားးးး....."

ထိုလူဟာတော့ နာကျင်စွာ ညီးညူနေပြီး သူမ အားရအောင်ရိုက်ထားတာကြောင့် လူရုပ်ပင်မပေါ်တော့ပါ

Kကတော့ သူမရှေ့ခေါင်းကိုမဖော်နိုင်အောင်အပြစ်ရှိစွာရပ်နေသည်

"မင်းတို့က မထိသင့်တာကိုလာထိတာဘဲ...."

ဒီပယံဟာ သူ့လက်ထဲက လက်ကိုင်ပုဝါနဲ့ ပန်ပန့်လက်မှာ စင်သွားတဲ့ သွေးတွေကို တယုတယသုတ်ပေးနေသည်

သူ့ဇနီးလေးကိုလည်း စိတ်မတိုရန် ဖြေလျော့ပေးနေရင်းပေါ့

"တောင်းပန်ပါတယ်နှင်းဆီ နှင်းဆီနီက နဂါးနက်အောက်မှာရှိနေမယ်လို့ ကျွန်တော် ကျွန်တော်မသိခဲ့လို့ပါ....."

ထိုလူဟာ ပန်ပန်နဲ့ဒီပယံအား ဦးညွှတ်ကာ ရှိခိုးတောင်းပန်​လေသည်

"အဲ့တာနဲ့ဘဲဘယ်ကမှန်းမသိတဲ့ဂိုဏ်းငယ်လေးဆိုပြီး လမ်းကြုံဝင်အနိုင်ကျင့်လိုက်တယ်ပေါ့လေ ......."

ပန်ပန်ဟာ သူမဂိုဏ်းသား၃ဦးသေဆုံးသွားတဲ့အတွက် အသားတွေတဆတ်ဆတ်တုန်အောင် ဒေါသထွက်လို့နေရာ ဒီပယံမှာ ဖက်တားထားရသည်

သို့သော် သူ့ဇနီးလေးဟာ သူ့ခါးကြားက သေနတ်အား ဆွဲထုတ်ကာ ထိုလူ့ကိုချိန်နေတာကြောင့် သူသက်ပြင်းချမိသည်

"ပန်ပန်....."

ဒီပယံ သေနတ်ကိုင်ထားတဲ့ သူမလက်အား ကိုင်ကာ နှစ်သိမ့်နေလိုက်သည်

အဲ့တော့မှ သူမဟာ တဖြည်းဖြည်း ငြိမ်ကျလာလေသည်

ထို့နောက် ဒီပယံ သူမအနောက်ကနေ ဖက်ကာ သူမမျက်လုံးတွေပေါ် သူ့လက်နဲ့အုပ်လိုက်သည်

နောက်လက်တစ်ဖက်ကတော့ ပန်ပန့်လက်ထဲမှ သေနတ်ကို သူလွှဲပြောင်းယူလိုက်သည်

🧡အတိတ်မေ့ခင်ပွန်း🧡Where stories live. Discover now