❄ 5 ❄

1.6K 134 18
                                    

ပျော်စရာတွေတွေးရင်း ပြုံးနေလိုက် နာကျင်စရာတွေ တွေးရင်း မျက်ရည်တွေ ကျလာလိုက်နဲ့ ကိုယ်က ကိုယ့်မျက်နှာပေါ်က အပြောင်းအလဲတွေကိုတော့ ကိုယ်တိုင်သတိမထားမိလိုက်ပါဘူး။

လူစည်ကားတဲ့ လမ်းမကြီးနဲ့ မနီးမဝေးက ခုံတန်းလေးမှာထိုင်ပြီး အတိတ်က မောင်နဲ့ ကိုယ့်အကြောင်းတွေ တွေးနေမိရင်း အရာအားလုံးဟာ ရုပ်ရှင်ပြကွက်တစ်ခုလို တရေးရေးပေါ်လာနေတော့ အတိတ်က မောင့်ကို သတိလေးတော့ ရမိသား....

ဒါပေမယ့်လဲလေ.....

အတိတ်ဆိုတာမျိုးက ပြန်လွမ်းလို့ပဲ ကောင်းတာ ပြန်တော့ မသွားချင်တော့တဲ့ အမှတ်တရတစ်ခုပါပဲ....

ခေါင်းကို ခါယမ်းလိုက်ကာ မတွေးတော့ဖို့ ဆုံးဖြတ်လိုက်မှ ကိုယ့်ရှေ့မှာ လာရပ်နေတဲ့ ငါးနှစ်အရွယ်လောက်ပဲ ရှိမယ့် ကလေးလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။

" ဦး... ဦး ဘာလို့တစ်ယောက်ထဲ ထိုင်ငိုနေတာလဲ ဟင်"

ကိုယ့်ကို ကြည့်ပြီး မေးလာတဲ့ ကလေးလေးရဲ့ စကားကို ကြားမှ ကိုယ့်ပါးပြင်ကို ပြန်စမ်းကြည့်လိုက်တော့ အေးစက်စက်ပါးပြင်ပေါ်မှာ မျက်ရည်တွေ...

" ဟုတ်ပါ့ သားသား ရယ်... ဦး ငိုနေမိတာပဲ"

"ဦး ဗိုက်ဆာလို့ ငိုတာလားဟင်... သားလဲ ဗိုက်ဆာရင် ငိုတာလေ....အဲ့ဒါ သား မေမေကပြောတယ် ငိုရင် Santa Claus က မလာဘဲ နေလိမ့်မယ်တဲ့... အာ့ကြောင့် ဦးလဲ မငိုပါနဲ့နော်... ငိုနေရင် ဦးဆီကို Santa Claus ဘိုးဘိုးကြီးက မလာဘဲ နေလိမ့်မယ်"

"အင်း အင်းပါ သားရယ်... ဦး မငိုတော့ဘူး နော်"

"ဟုတ်... ဒီမှာ ဦးအတွက် ချောကလက်... ဦး ဗိုက်ဆာနေရင် ဒါလေး စားလိုက်နော်"

လက်ထဲကို ချောကလက်တောင့်လေး ထည့်ပေးကာ ပြေးထွက်သွားတဲ့ ကလေးလေးကို ငေးရင်း ကိုယ့်ခြေလှမ်းတွေက မောင့်ကို အဖြေပေးခဲ့တဲ့ ပန်းခြံငယ်လေးဆီကို ဦးတည်နေပြန်တယ်။

ပန်းခြံထဲကို ရောက်တော့ အတူမိုးခိုဖူးတဲ့ လျှောစင်လေးဟာ အရင်အတိုင်းရှိနေဆဲ....

နှောင်းအတိတ်ဆီက မောင် (JIKOOK) (SEASON 1)Where stories live. Discover now