chapter 1

3K 40 0
                                    

မြေခွေးနတ်ဆိုးလေးက တောင်ပေါ်မှ ပထမဆုံးအကြိမ်ဆင်းလာခဲ့သည်။

မြေခွေးမျိုးနွယ်စုမှာ ပိုမိုကောင်းမွန်တဲ့ကျင့်ကြံနည်းတစ်ခုရှိပြီး အဲ့ဒါကယန်စွမ်းအင်ရှိတဲ့လူသားဆီကယန်စွမ်းအင်ကိုစုပ်ယူကျင့်ကြံတာဖြစ်တယ်လို့ သူ့အမေကသူ့ကိုပြောခဲ့တယ်။ဒါပေမယ့်အများကြီးအဲဒီ့လူဆီကစုပ်ယူလိုက်ရင်လည်း အဲ့ဒီ့လူသေသွားလိမ့်မယ်လို့သူ့အမေကပြောပြခဲ့သည်။သူတို့မိသားစုကမြေခွေးမိစ္ဆာမျိုးနွယ်စုပေမယ့်... သူတို့ကကျင့်ကြံဆင့်မြင့်ချင်ပေမယ့်...လူတွေကိုဒုက္ခမပေးချင်ဘူး။

ဒါ့ကြောင့်သူကကျင့်နိုင်ရုံသာစုပ်ယူဖို့တွေးထားတယ်။

မြေခွေးလေးကကံကောင်းနေတယ်... သူကြာကြာတောင်မရှာရသေးချိန်မှာ အလွန်ပြင်းထန်သောယန်စွမ်းအင်ရှိတဲ့လူသားတစ်ဦးကိုတွေ့ခဲ့သည်။

သူ့မျက်နှာကနည်းနည်းအေးစက်နေပေမယ့်အရမ်းချောတယ်။

မြေခွေးလေးသည်နီရဲနေသောသူ့မျက်နှာကိုလက်နဲ့ပြန်ထိလိုက်သည်။

တည်းခိုခန်းမှာ လူတွေပြည့်နေပြီး ထိုင်ခုံအားလုံးနီးပါးပြည့်နေပါတယ်။သန်မာသော ယန်စွမ်းအင်ရှိသော လူရဲ့မျက်နှာချင်းဆိုင်တွင် ထိုင်ခုံအလွတ်တစ်ခုသာရှိသည်။

"ဟဲလို...ကျွန်တော်ဒီမှာထိုင်လို့ရမလား?"

မြေခွေးနတ်ဆိုးလေးရဲ့အမျှော်အမြင်မရှိခြင်းကိုအနည်းငယ်ခွင့်လွှတ်ဖို့လိုတယ်...ဘာလို့လဲဆိုတော့...သူကအခုမှလောကအကြောင်းနားမလည်သေးသူမို့...လက်ရှိသူ့ရှေ့မှာထိုင်နေတဲ့လူကသာမာန်လူမဟုတ်ဘဲ...တာအိုအစွဲချွတ်ကျင့်ကြံသူတစ်ဦးဖြစ်နေတယ်ဆိုတာသူမသိခဲ့ဘူး။

တာအိုကျင့်ကြံသူကလည်း ဒီလိုနုံအတဲ့နတ်ဆိုးလေးကို မတွေ့တာကြာပြီ။

အိုး...ဒါကမြေခွေးမိစ္ဆာလေးပဲ...။

သူ့ခန္ဓာကိုယ်က အရမ်းသန့်ရှင်းတယ်၊သွေးရနံ့လည်းမရှိဘူး...ဝမ်းနည်းပူဆွေးမှုလည်းမရှိ၊ညစ်ညမ်းတဲ့အနံ့အသက်တွေမရှိဘူး။သူ၏နတ်ဆိုးရောင်ဝါက ကြည်လင်တောက်ပနေ၏။{T/N-အဲ့ဒါက သူဘာမှမကောင်းမှုတစ်ခုမှ မလုပ်ဖူးဘူးလို့ အဓိပ္ပါယ်ရပါတယ်}

Two Tails Fox DemonWhere stories live. Discover now