“ ဟဲလို နေလားဟင် ”
တစ်ဖက်ကခပ်တိုးတိုးအသံလေးကြောင့် နေကိုယ့်လက်သည်းကိုကိုက်နေမိတယ်။ဟန် ကနေ့ကိုဖုန်းစခေါ်လာတယ် အဟိ။“ ဟုတ် ဟန်ပြောလေ ”
နေ အသံကိုထိန်းကိုပြောလိုက်တယ်။နှလုံးသားတည်းကစီးချက်ညီညီခုန်နေတဲ့အကောင်လေးကြောင့်။“ နေ့ ကိုအကူအညီတစ်ခုတောင်းချင်လို့ရမလားဟင် ”
“ ပြောလေ ဟန်ရပါတယ် ”
“ လမ္ဘာ ဆိုင်ကခေါက်ဆွဲကြော်မှာထားတာလေး လာပို့ပေးလို့ရမလားဟင် ဒေါ်လေးကလည်းမရှိလို့။မေ ကလည်းဆိုင်ကယ်မမောင်းတတ်ဘူး အားနာပေမယ့် နေ့ကိုပဲအကူအညီတောင်းစရာရှိလို့ရယ် ”
စကားတွေအရှည်ကြီးပြောနေတဲ့ ဟန့်ကြောင့်အာရုံစိုက်နားထောင်နေရင်း။အကူအညီတောင်းစရာဆိုလို့ ကိုယ်ပဲရှိတယ်ဆိုတဲ့စကားကြောင့် နေထမခုန်မိအောင်ထိန်းနေရတယ်။“ ရပါတယ်။ရတာပေါ့ ဟန်ရဲ့ ကိုယ်ယူလာပြီးလာပို့ပေးမယ်နော် ”
“ ဟုတ် အားနာလိုက်တာ နေရယ် ”
“ အားမနာပါနဲ့ ကိုယ်လုပ်ပေးနိုင်တဲ့ကိစ္စပဲ။အာ့ဆို အခုသွားယူပြီးလာပို့ပေးမယ်နော် ”
“ အွန်း ကျေးဇူးတင်ပါတယ် နေ ”
ဖုန်းချပြီး နေအမြန်အိမ်အပြင်ထွက်ကာ ဆိုင်ကယ်ထုတ်ပြီးသွားတော့တယ်။ယွန်း တဲ့တွေ့ရမယ့်ကိစ္စနောက်ကျနေရင်မကောင်းဘူးလေ။
~~~
“ နေ့ ကိုတကယ်အားနာလိုက်တာ ”
အိတ်နဲ့သေချာထည့်ထားတဲ့ခေါက်ဆွဲဘူးလေးကိုကိုင်ကာ တကယ်အားနာနေဟန်နဲ့ နေ့ကိုပြောလာပြန်တယ်။“ ထပ်အားနာရင် ကိုယ်စိတ်မကောင်းဖြစ်မိတော့မယ်။ဒီလောက်လေးကူညီရတာ ကိုယ့်အတွက်အပန်းမကြီးပါဘူး ”
နေ ဟန့်မျက်လုံးလေးကိုစိုက်ကြည့်ပြီးပြောတော့ မျက်လွှာလေးချသွားပြန်တယ်။“ ဟုတ် ဒီမှာခနထိုင်အုံးနော် ဒါလေးသွားထားလိုက်အုံးမယ် ”
ပြောပြီးခပ်သုတ်သုတ်ထွက်သွားတဲ့ ဟန်ကြောင့် နေသဘောကျစွာပြုံးလိုက်တယ်။ဆိုင်ထဲကိုဝေ့ကြည့်လိုက်တော့ စားပွဲလေးတစ်ခုနဲ့ခုံလေးတစ်ခုံပဲရှိတာကြောင့် ရှိတဲ့ခုံလေးမှာထိုင်ကာ ဟန်ပြန်အလာကိုစောင့်နေလိုက်တယ်။