Ch 17

2.6K 263 0
                                    

Ch 17

ရဲ့ရှောင်ယွီက သူရဲ့ မကောင်းတဲ့အကျင့်ကို သတိမထားမိဘဲ အတွင်းဘက်ကို ညွှန်ပြရင်း " မေးစရာရှိလို့ အထဲမှာ ပြောကြရအောင်။"

စွန်းကုံးဖေးက "ဟုတ်ကဲ့ အစ်ကိုရဲ့ ကျေးဇူးပြုပြီး အထဲဝင်ပါ။ ကျေးဇူးပြုပြီး အထဲဝင်ပါ။"

အထဲဝင်ထိုင်ပြီး ရဲ့ရှောင်ယွီက စွန်းကုံးဖေးကို တိုက်ရိုက်ပြောသည်။ "အားဖေး ငါ သူငယ်ချင်းတစ်ယောက်နဲ့ အထည်နဲ့ လျှပ်စစ်ပစ္စည်းဆိုင်ကို အတူဖွင့်မလို့။ မင်းအားလပ်ရင် ဒီရက်တွေမှာ လူစည်တဲ့လမ်းတွေကို သွားပြီး နေရာကောင်းဖို့ ကူညီပေး။ ဆိုင်ဖွင့်တဲ့အချိန်ကျရင် မင်း အလုပ်လာလုပ်လို့ရတယ်။"

စွန်းကုံးဖေးက အလွန်ဝမ်းသာသွားပြီး "အစ်ကိုရဲ့ ဆိုင်က ဘယ်လောက်ကြီးတာ လိုချင်လဲ။" လို့ သေသေချာချာ မေးလိုက်သည်။

ရဲ့ရှောင်ယွီက "ပိုကြီးလေ ပိုကောင်းလေဘဲ။ ကုန်ဆုံဆိုင်ဆို ကောင်းဆုံးဘဲ။"

စွန်းကုံးဖေးက မျက်မှောင်ကြုတ်ကာ "အစ်ကိုရဲ့ ဒီလိုဆိုင်တွေက ရှာရခက်တယ်။ ကျွန်တော်တို့ ဒီလမ်းတွေနဲ့ အရင်းနှီးတယ်။ အကုန် ဆိုင်သေးသေးလေးဘဲ။ ကျွန်တော့ အမြင်အရ အစ်ကိုရဲ့ နေရာဝယ်တာ ဒါမှမဟုတ် ချိတ်ဆက်ထားတဲ့ စတိုးဆိုင် အနည်းငယ်ကို ဝယ်ပြီး  shopping mall ပြန်ဆောက်လိုက်တာ ပိုကောင်းတယ်။"

ရဲ့ရှောင်ယွီက သူ့ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး "ဝယ်တာဘဲဖြစ်ဖြစ် ဆောက်တာဘဲဖြစ်ဖြစ် မင်းက နေရာအရင်ရှာ ကူပေး။ နောက်ကျမှ အဆင်ပြေသလို ကြည့်လုပ်တာပေါ့။"

1980 ခုနစ်များအတွင်း ပြုပြင်ပြောင်းလဲရေးနဲ့ ဖွင့်လှစ်ရေး စတင်ချိန်တွင် လူတိုင်း အိမ်ခန်းကို ပိုင်ဆိုင်ပြီး လူအနည်းစုသာ ကိုယ်ပိုင်အိမ်ခြံမြေ ပိုင်ဆိုင်ကြပြီး အဆောက်အအုံ အသစ်များပင် နည်းပါးလာခဲ့သည်။

ရဲ့ရှောင်ယွီ ရှာနေသော ကုန်တိုက်တစ်ခုလို အထပ်အနည်းငယ်ပါတဲ့ အဆောက်အအုံသည် ပို၍ပင် ရှားပါးသည်။

အထပ်ပေါင်းများစွာ ပါရှိတဲ့ အဆောက်အအုံများသည် အခုအချိန်တွင် အစိုးရပိုင် ယူနစ်များရဲ့ လက်ထဲတွင် ရှိနေဆဲဖြစ်ပြီး ပုဂ္ဂလိက အစုရှယ်ယာများ မရှိသေးပေ။ ဝယ်ယူရန် သို့မဟုတ် ငှားရမ်းမှာလည်း မလွယ်ကူပေ။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now