❄
Duty ပြီးပြီးချင်း ဆေးရုံရှေ့က စောင့်နေမယ့် မောင့်ဆီ ခပ်သုတ်သုတ်လေး ပြေးထွက်လာမိသည်။
ဒီနေ့ မောင်နဲ့အတူ ရိုးရာစျေးလေးထဲသို့သွားကာ မောင်ကြိုက်တတ်တာလေးတွေ ဝယ်ပြီး အိမ်မှာအတူချက်ပြုတ်စား ကြဖို့ တိုင်ပင်ပြီးသား...
ဆေးရုံက Duty နှစ်ရက်ဆက်တိုက် ဝင်လိုက်ရတော့ မတွေ့ရတဲ့ နှစ်ရက်တာအတွက် မောင့်ကို အတိုးချကာ ဂရုစိုက်ပေးရမည်...
ပျော်စရာတွေတွေးရင်း အပြုံးလှလှလေးနဲ့ မောင်ရှိရာဆီ သွားနေတဲ့ ကိုယ့်ခြေလှမ်းတွေကို ရပ်တန့်သွားစေတာက ကိုယ့်လမ်းကို လာပိတ်ရပ်တဲ့ နိုရာ့ကြောင့်...
" တော်တော်လေးမှ ပျော်နေရဲ့လား Doctor... "
"အော်...နိုရာ "
"ဟုတ်ကဲ့ရှင့် ကျွန်မ နိုရာပါ... Doctor မှတ်မိနေသေးတာပဲ ဟင်း ဟင်း "
"ဟုတ်ကဲ့ မှတ်မိပါတယ်"
"ဒါပေါ့ မှတ်မိနေရမှာပေါ့... မေ့ထားလို့မရတဲ့ လူပဲကိုးး"
ခနိုးခနဲ့ ဟန်ပန်တွေနဲ့ ခပ်ထေ့ထေ့သူ့စကားတွေက ဘာကို ဆိုလိုချင်နေတာလဲ...
" ကျွန်တော့်ဆီ လာတာလား နိုရာ... ဘာကိစ္စ ရှိလို့များလဲ "
"ဘာကိစ္စလဲ ဆိုတာ Doctor သိမယ် ထင်ပါတယ်...ကျွန်မ သတိပေးထားပါရက်နဲ့ ရှေ့ဆက်တိုး နေတာက ကျွန်မစကားကို အရေးမလုပ်ဘူး ဆိုတဲ့ သဘောများလား Doctor "
" အဲ့လို မဟုတ်ပါဘူး နိုရာ... "
"အဲ့လိုမဟုတ်တော့ ဘာလဲ... Doctor က ပိုင်ရှင်ရှိပြီးသား အသီးကို ခိုးစားရတာမျိုး ဝါသနာ ပါတာလား "
"မင်း စကားတွေ လွန်မလာနဲ့နော် မိန်းကလေး... ငါက သိပ်သီးခံတတ်တဲ့ လူ မဟုတ်ဘူး... "
"ဘာ... ဟား ဟား ဟား လွန်လာတော့ ရှင်က ဘာလုပ်ချင်လို့လဲ... အံ့ပါရဲ့ သူခိုးက လူပြန်ဟစ်လို့... ရှင် ခိုးစားလို့ ခိုးစားတယ် ပြောတာလေ... ကျွန်မ စကားက ဘယ်နေရာ မှားနေလို့လဲ...ပြောစမ်းပါအုံး ... သီးမခံနိုင်တော့ဘူးဆိုတော့ ရှင်က ဘာများ လုပ်ချင်သေးလို့လဲ"
YOU ARE READING
နှောင်းအတိတ်ဆီက မောင် (JIKOOK) (SEASON 1)
Fanfictionငါ့ အရှုံးတွေနဲ့ ထိုက်တန်အောင် မင်း ပျော်နေပါ မောင်