ဆုံခဲဖူးတဲ့ တစ်ညတာအောင် ... ရေသွားကူးမယ်လေကွာ ... ကောင်မလေးတွေက အရမ်းလန်းတယ်ကွ ... ဟေ့ကောင် ဘာငိုင်နေတာလဲ
သက်နိုင် ... ဘန်ဂလိုထဲကနေ ... ပင်လယ်ပြင်ကို တစ်ယောက်ထဲ ငေးနေတုန်း ... သူငယ်ချင်းရဲနိုင်က လှမ်းခေါ်သည် ...
မင်းကွာ ... ဒီကမ်းခြေမှာ ... ကောင်မလေးနှစ်ယောက်လောက် ရနိုင်တဲ့ဟာကို ... ငိုင်နေရတယ်လို့
သက်နိုင် ... မျက်နှာ နီရဲနေတဲ့ ရဲနိုင်ကို လှည့်ကြည့်လိုက်သည် ... နီမှာပေါ့ ... ဘီယာ နှစ်ပုလင်းလောက် ကစ်ထားတယ် ထင်တယ် ...
ဒါဆိုလည်း ... ငါ့အတွက် နှစ်ယောက်ခေါ်လာခဲ့လေ ... ဟား ဟား ဟား
သက်နိုင်နဲ့ ... ရဲနိုင် ... ချောင်းသာကို မနေ့ကမနက်က ရောက်တယ် ... သက်နိုင်က လူအေး ... တစ်ချိန်လုံး ဘန်ဂလိုထဲမှာ အောင်းနေသည် ... ရဲနိုင်က ... လူသွက် ... ရောက်ကတည်းက ... ကမ်းခြေထဲ ဆင်းသွားလိုက် ... ဘီယာမော့လိုက် ... ဟုတ်နေတာပဲ ... ညဘက် ... ရေကူးကန်ဘေးမှာ ကနေတုန်း ... ကောင်မလေးတစ်ယောက်နဲ့ ... ညိတိတိ ဖြစ်လာသေးသည် ... သက်နိုင်ဆိုတဲ့ကောင်က ... အခုထိကို မစွံပါဘူး ... ကောင်မလေးတွေနဲ့ တွေ့ရင် ... ရှက်နေတာနဲ့ ... စကားမပြောရဲတာနဲ့ ... ဘယ်တော့မှ ရီးစားရမယ့်ကောင် ဟုတ်ဘူး ...
လာစမ်းပါကွာ ... ဒီည မင်း လူပျိုဘဝကို ... ဂိတ်ဆုံးလိုက်ကွာ ... ရဲနိုင် ရီပြီးပြောသည် ...
ဟာကွာ ... ငါ့ဘာသာနေပါရစေ ... ငါက ရှုပ်ရှုပ်ရှက်ရှက်တွေ မကြိုက်ဘူး ဆိုတာ မင်းလည်း သိတာပဲ ... မင်းသာ ဂရုစိုက် ... ဦးထုပ်မဆောင်းပဲ လုပ်ရင် ... အေကိုက်ခံရမယ် သတိထား
အောင်မာ ... ရီးစားတောင် မရှိတဲ့ကောင်က ငါ့ကို ဆရာလုပ်လို့ ... ဟိုမှာတွေ့လား ... ငါသွားမော့တော့မယ်
အိုကေ ... ငါ ဒီမှာ ဆက်ထိုင်လိုက်အုံးမယ်
သက်နိုင် ... မလိုက်သွားတော့ ... ဘီယာသုံးပုလင်းနဲ့ ... ဟမ်ဘာဂါတစ်လုံးစားပြီး ... လူက ရီဝေဝေဖြစ်ချင်နေသည် ... ပင်လယ်လေက ... ဖြေးဖြေးချင်း ... တိုက်နေတော့ ... အိပ်ချင်သလိုလို ဖြစ်လာသည် ... မျက်နှာသုတ်ပုဝါကို ခင်းပြီး ... အိပ်ချလိုက်သည် ... မျက်စိက တဖြေးဖြေး မှေးလာသည် ... မှေးကနဲ ဖြစ်သွားတုန်း ... နားထဲ စကားသံ တစ်ချို့ဝင်လာသည် ... သက်နိုင် အိပ်ချင်မူးတူးနဲ့ ... လက်နှစ်ဘက်ကို ထောက်ပြီး ... မော့ကြည့်လိုက်သည် ... အလှနတ်သမီးတစ်ပါး ... သူ့ကို သေချာငုံ့ကြည့်ပြီး ... သက်နိုင့်ကို ... စိုးရိမ်သံလေးနဲ့ ...
YOU ARE READING
ဆုံခဲဖူးတဲ့ တစ်ညတာ
General Fictionနတ်သမီးရဲ့ အသံလေးက ... သာယာသည် ... ချိုသာသည် ... ထူးခြားတာက ... သူ့အသံမှာ ... ကြင်နာသံလေးပါနေသည် ... သူ စကားပြောတိုင်း ... နားထဲမှာ ... ချိုပြီး ဝင်သွားသည် ... ဘယ်လိုဆုတောင်းတွေနဲ့ ပြည့်နေတာလဲ ... နတ်သမီးရယ် ... သူ့ကို တစ်မိနစ်လောက် ငေးကြည့်နေရင်း...