အခုတလော ခန့်ထူးရဲ့အိမ်ကို ငြိမ်းချမ်းက ခဏခဏရောက်ဖြစ်နေသည်။ ခန့်ထူးက မလာပါနဲ့လို့ ပြောလည်း ငြိမ်းချမ်းက စာမရလို့ စာအတူလုပ်ချင်လို့ ၊ အိမ်မှာ ဟင်းမကောင်းလို့ မင်းအိမ်မှာထမင်းလာစားချင်လို့ဆိုပြီး အကြောင်းပြချက်အမျိုးမျိုးပေးကာ လာတတ်သည်။ခန့်ထူးမောင်အမေကတော့ သူ့သားလေး သူငယ်ချင်းရတာကိုပဲ ပျော်နေရှာသည်။
"ဟေ့ရောင် ...မင်းမျက်နှာကသက်သာရဲ့လား "
မနေ့ကအထိုးခံခဲ့ရတဲ့မျက်နှာကိုကြည့်ကာ မေးသည်။
"သက်သာတယ်လေ ငါ့မျက်နှာက နေ့တိုင်းယောင်နေရမှာလား "
ပြောရင်းနဲ့ ခန့်ထူးရဲ့ကုတင်ပေါ်ကို တက်ထိုင်သည်။
"ဘေးပတ်ဝန်းကျင်မြင်ရင် မင်းကို သားအရင်းထင်နေတော့မှာပဲ "
"ဒါကတော့ ငါ့ကုသိုလ်ကံလေကွာ မင်းအမေဂုဏ်တောင်ယူရဦးမှာ ငါ့လို အလိမ္မာလေးကို သားအရင်းလို့ထင်ခံရတာ "
"အော်ဂလီဆန်လိုက်တာ အန်တောင်အန်ချင်လာပြီ "
ခန့်ထူးမောင်က ရင်ဘက်ကို လက်နဲ့ဖိကာ အန်ချင်သလိုပုံစံ လုပ်ပြလာသည် ။
*ဒေါက် ဒေါက် ဒေါက် *
"သားတို့ရေ ထမင်းစားကြရအောင် လာခဲ့တော့လေ "
" ဟုတ်လာခဲ့မယ်အမေ "
နှစ်ယောက်လုံးအခန်းထဲကထွက်ပြီး ထမင်းစားပွဲဝိုင်းကိုရောက်တော့ အမေက ထမင်းစားဖို့အတွက်အဆင်သင့်ပြင်ထားပြီးနေပြီဖြစ်သည်။
"လာ ..လာ..သားတို့ ဒီမှာစားဖို့အဆင်သင့်ဖြစ်နေပြီ ...ဒီနေ့ အမေက သား ငြိမ်းချမ်းလေးလည်းရှိတော့ အညာချက်လေးချက်ထားတာ စားတတ်ပါ့မလားတော့မသိဘူးကွယ်"
"အားပါးပါး...ဟင်းတွေက မွှေးနေတာပဲ ဒါကဘာဟင်းလဲ အန်တီ"
မှိုပွင့်လိုမျိုး ထိပ်မှာ အအုပ်ကလေးနဲ့ကိုအောက်က အမျှင်လေးတွေနဲ့မို့ ဘာဟင်းလည်းမသိပေမယ့် ပုန်းရည်ကြီးနဲ့ချက်ထားတယ်ဆိုတာကိုတော့ သိရသည်။
"အဲ့တာ မင်းတို့ရာသီမှာပွင့်တဲ့ပန်းလေ "
ခန့်ထူးမောင်က ဝင်ဖြေသည်။
YOU ARE READING
𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛
Romanceပေါ့ပေါ့ပါးပါး ကျောင်းသားဘဝအချစ်ဇာတ်လမ်းပုံစံမျိုးလေးမို့ plotသိပ်ရှိမယ်လို့မထင်မိပါဘူး ။ *𝑐𝑜𝑣𝑒𝑟 𝑝ℎ𝑜𝑡𝑜 𝑓𝑟𝑜𝑚 𝑝𝑖𝑛𝑡𝑒𝑟𝑒𝑠𝑡*