🧡အတိတ်မေ့ ခင်ပွန်း🧡Part 27
ဥယျာဉ်တစ်ခု....ထိုဥယျာဉ်ထဲတွင် မိန်းကလေးတစ်ယောက်နဲ့ ကလေးငယ်ရှိနေခဲ့သည်
"မေမေ့ကို ဘာလို့ ဘွားဘွားက သဘောမကျတာလဲဟင်....."
ဒီးငယ်လေးဟာ သူ့မိခင်အား မိမိအဘွားမှ သဘောမကျကြောင်းပင် သိတတ်နေလေပြီ
"ဘာလို့လဲဆိုတော့ မေမေက အားနည်းလို့ပေါ့...."
ဒေါ်မြင့်မိုရ်ခေါင်ဟာ တစ်လျှောက်လုံးသားလေးလို့ထင်ခဲ့ပြီးမှ သူမမွေးလာတာက သမီးလေးမှန်းသိတာနဲ့ သတ်ပစ်ဖို့ရန်ပင်ကြိုးစားဖူးသည်
အဘယ်ကြောင့်ဆိုသော် နဂါးနက်ပလ္လင်ရဲ့ဆက်ခံသူကို သူမမွေးထုတ်မပေးနိုင်ခဲ့၍ဖြစ်ကာ သူမခင်ပွန်းနဂါးနက်သခင်ကြီးကလည်း သူမအား မကြည့်ရှုတော့ပါ
သို့သော်အားမလျှော့ဘဲ သူမဟာ သူမရဲ့သမီးအား ယောကျ်ားတစ်ယောက်လိုသန်မာအောင် လေ့ကျင့်ရန် တေးမှတ်ထားပေမဲ့ အားနည်းစွာ မွေးဖွားလာတဲ့ သမီးငယ်လေးဟာ သူမအတ္တကိုမဖြည့်စည်းနိုင်ခဲ့ပါ
သို့ရာတွင် သူမလက်လျှော့မဲ့အချိန်အရောက်မှာတော့ ဒီပယံရဲ့ဖခင်ကိုတွေ့ခဲ့သည်
သူမရဲ့ဂိုဏ်းသားတွေထဲမှာ ထိုလူဟာ အထူးချွန်ဆုံးအလားအလာအရှိဆုံးလူဖြစ်နေရာ သူမဟာ သူမသမီးမြင့်မိုရ်စံနဲ့ပေးစားကာ ခြေချုပ်ရန်ပြင်သည်
သို့သော်ထိုလူဟာ ဆိုင်သူရှိနေနှင့်ပြီးသား ဖြစ်တာကြောင့် စိတ်ပျက်သွားခဲ့သည်
ဒေါ်မြင့်မိုရ်ခေါင်ဟာ သူမအတ္တကို အဆုံးမသတ်နိုင်တဲ့အဆုံး ထိုလူနဲ့သူမရဲ့ ခပ်တုံးတုံး သမီးကို ဆေးခတ်၍ အခန်းထဲပိတ်ခဲ့သည်
ထိုအချိန်မှစ၍ ဒီးငယ်လေးရဲ့အဖေဟာ သူ့မိခင်ကိုရော သူ့ကိုရော မုန်းတီးသွားခဲ့လေသည်
ဒီးငယ်လေးဟာ သူ့အမေဟာ အားနည်းတယ်လို့ ပြောတာကိုလက်မခံစွာ နှုတ်ခမ်းဆူလေသည်
"ဟင့်အင်း မေမေက အသန်မာဆုံးပါဘဲ...."
"အိုး ဟုတ်လား..."
"ဟုတ်တယ် မေမေက ဖေဖေသားကိုရိုက်ရင်တော့ အမြဲကာကွယ်ပေးတယ်လေ...."

YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Lãng mạnစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....