ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

988 75 0
                                    

Chapter 12

သူမသည် ရက်အနည်းငယ်အတွင်း စာရင်းသွင်းပြီး စက်တင်ဘာလတွင် တစ်လကြာ စစ်သင်တန်းတက်မည့် ဖြစ်သဖြင့် လင်းယောင်ယောင် သည် ကြယ်ကွန်ရက်တွင် ဖြည့်စွက်အစားအစာများစွာကို ပြုလုပ်ခဲ့သည်။ ထောင်ရှီ ပလပ်ဖောင်း စတိုးဆိုင်အသစ်တွင် "ရှေးတရုတ်စားစရာအိမ်" ဆိုင်၏ ရေပန်းစားမှုနှုန်းကိုဆက်လက်ထိန်းသိမ်းထားရန် နေ့စဉ် ဟင်းပွဲအနည်းငယ်သာရောင်းချသည်။

သူမ ပိုက်ဆံမလိုအပ်သော်လည်း "ရှေးတရုတ်စားစရာအိမ်" သည် သူမ၏ ဟင်းချက်ကျွမ်းကျင်မှုနှင့် အလုပ်ကြိုးစားမှုကြောင့် နာမည်ကြီးလာရ၍  စိတ်လှုပ်ရှားမိသည်။ထို့အပြင် သူမ ပြုလုပ်ထားသော အစားအစာများကို မြည်းစမ်းမည့် "ပူးကောင်" များကို မွေးမြူရန်လည်း လိုအပ်သည်။ထုတ်ကုန်အသစ်များကို နေ့တိုင်းနီးပါးဝယ်ယူပြီး ratingများနှင့် မက်ဆေ့ချ်များကို ဂရုတစိုက် ရေးထားပေးသော ဖောက်သည်ဟောင်းများအတွက် အထူးအခွင့်အရေးအနေဖြင့် ထုတ်ကုန်အသစ်များကို ကြိုတင်မှာယူနိုင်ရန် သူမ  ဦးစားပေးထားသည်။

"အဘိုးကြီး ချိုက်" ဟု အမည်ပေးထားသည့် ဖောက်သည်တစ်ဦးသည် သူမအတွက် အလွန်အကျိုးရှိသည့် မက်ဆေ့ချ်ကို ချန်ထားပေးကာ ပရော်ဖက်ရှင်နယ်ဆန်ဆန် အကြံများလည်း ပေးသူဖြစ်သည်။ သူက မည်ကဲ့သို့ တိုးတက်နိုင်ရန်နှင့် ပိုကောင်းအောင် ဘယ်လို လုပ်ရမည်ကို ရံဖန်ရံခါ အကြံဉာဏ်ပေးတတ်သူပင်။

စမ်းသပ်ပြီးနောက် အဘိုးကြီး ချိုက် ၏ အကြံဉာဏ်သည် အမှန်တကယ်အသုံးဝင်ကြောင်း လင်းယောင်ယောင် တွေ့ရှိခဲ့သည်။ ယနေ့တွင်၊ အဘိုးကြီး ချိုက် သည် ထုတ်ကုန်အသစ်အောက်တွင် သူမ မည်သည့်တက္ကသိုလ်ရှိ အရန်ကုထုံးဌာနသို့ လျှောက်ထားသလဲ ဆိုတာကို မက်ဆေ့ခ်ျဖြင့် မေးမြန်းထား၏။ထို့အပြင် သူမအတွက် အစားအသောက် အရန်ကုထုံးဆရာတစ်ဦးလိုသလားဟုလည်း မေးလာ၏။ စိတ်ပါဝင်စားပါက ထိုအကြောင်းကို ပြောရန် friend add ဖို့ကိုလည်း ပြောလေသည်။

ဤ အဘိုးကြီး ချိုက် ဆိုသည့် လူက တက္ကသိုလ်တစ်ခု၏ အစားအသောက် အရန်ကုထုံးဌာနရှိ ဆရာတစ်ဦးဖြစ်နိုင်သည်ဟု သူမ ခံစားမိသည်။သို့သော်လည်း၊ သူမ မည်သူမည်ဝါဖြစ်ကြောင်းကို Star Network မှာ မဖော်ပြချင်ပေ။သူက ယုံရမည့်လူမှန်းလည်း သေချာမသိချေ။ အင်ပါယာရှိ အကောင်းဆုံး ပထမစစ်တက္ကသိုလ်မှ ဆရာများသည် သင်ကြားရေးမှာ မဆိုးနိုင်ကြောင်း သူမ သေချာပေါက် ယုံကြည်သောကြောင့် အဘိုးကြီး ချိုက် ကို စပြီး မဆက်သွယ်ခဲ့ပေ။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးDonde viven las historias. Descúbrelo ahora