အကြီးဆုံးသမီး👩

1.7K 123 1
                                    

Chapter 154

ကျန်းယန်ရှန့်က သူမ၏လက်အားမြှောက်လိုက်ကာ သူ၏ပါးစပ်မှ ဆေးလိပ်အား ဆွဲယူကာ ဆိုင်ကယ်ထိုင်ခုံပေါ်သို့ ဖိလိုက်သည် ။ ဆေးလိပ်မီးကြောင့် သားရေထိုင်ခုံတွင် အပေါက်ဖြစ်သွားသည်။

    ရှုလီချန်မှ ဒေါသထွက်ခြင်း စိတ်တိုခြင်းမရှိပဲ မျက်ခုံးကို ပင့်လိုက်သည်။

"အိုး…ရင့်ကျက်လိုက်တာ …"

  (  ကျန်းယန်ရှန့်က အရင်ဘဝတွင် သူမ စိတ်ညစ်လျှင် ဆေးလိပ်မီးဖြင့် သူမလက်မောင်းအား ထိုးလေ့ရှိလေသည်။ မကြာမီ ရှုလီချန် ထိုအကြောင်းအား သိသောအခါ သူမ အား ထပ်မံပြုလုပ်ခွင့် မပြုတော့ချေ။

    ရှုလီချန်က သူမဆီသို့ လက်မောင်းအား ဆန့်တန်းပေးလျှက် ပြောလိုက်သည်။

"ငါ့ကို ထိုးလိုက်…"။

    ကျန်းယန်ရှန့်မှ ထိုးလိုက်လေသည် ။ ရှုလီချန်သည် တစ်ချက် ငြီးငြူခြင်းမရှိပဲ ငြိမ်ခံနေလိုက်သည် ။

     သို့သော် ထိုသို့ထိုးခြင်းသည် တစ်ခါတည်းသာဖြစ်သည် ။ မကြာမီ ကျန်းယန်ရှန့် မပျော်မရွှင်ဖြစ်လာသောအခါ သူမက ရှုလီချန်၏ အဝတ်၊ ကျောင်းလွယ်အိတ်နှင့် ဆိုင်ကယ်ထိုင်ခုံတို့ကိုပါ ထပ် ထိုးပေလိမ့်မည် ။

    ဝမ့်ချန်က  သူမ၏ ခြေထောက်အား ဆောင့်လိုက်သည်။

"ကျန်းယန်ရှန့်…တရားလွန်မလာနဲ့…"

    သူမသည် ခြေထောက်ကိုဆောင့်ကာ ရှုလီချန်အားပြောသည်။

" တစ်ခုခုပြောလေ…"

    သို့သော် ရှုလီချန်သည် ပြုံး၍စီးကရက်အားကိုက်ကာ ကျန်းယန်ရှန့်အား ကြည့်နေလေသည် ။

    ကျန်းယန်ရှန့်က သူမလုပ်ချင်တာလုပ်ပြီး လိုချင်တာ ရသည့် အချိန်များတွင် စိတ်လွတ်သွားတတ်သည် ။ သူသည် ကမ္ဘာဆုံးသည့်တိုင်အောင် သူမအား အဖော်လုပ်ပေးလိုက်ချင်သည်။

    ကျန်းယန်ရှန့်က ရှုလီချန်၏ နောက်ပြောင်သည့်အမူအရာနှင့် စိတ်ကူးယဉ်ဆန်သော မျက်နှာအား ကြည့်လိုက်လေသည် ။

    ထိုအရာက အပေါင်းအဖော်ပြုမှု မဟုတ်သကဲ့သို့ အပြန်အလှန် နွေးထွေးမှုလည်းမဟုတ်ပါ။ကြောင်တောင်တောင် ကလေးနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် နစ်မြုပ်အောင် ပြုလုပ်နေကြခြင်းမျှသာ ဆိုသည်မှာ ထင်ရှားလှသည် ။)

အကြီးဆုံးသမီး👩Where stories live. Discover now