တေးရေ...သမီးထတော့လေကွယ်။
မိုးလင်းလို့ ၊ မနက်၁၀ နာရီဆိုတာနဲ့ကြားရတက်တဲ့အသံတစ်ခု။
နေ့တိုင်းကြားရလွန်းလို့.. ရိုးနေပြီ။
တေးသိနေတယ်လေ..ခဏနေရင်အခန်းတံခါးလာခေါက်တော့မှာကို။
စိတ်ကအသိရှိပင်မယ့်ညက အကဲလွန်ထားလို့မထချင်တာမို့ ၊ အိပ်ယာထဲမှာပဲလိမ့်နေလိုက်တယ်။
"ဒေါက်ဒေါက်.."
"တေး ..အမေအခန်းထဲဝင်လာပြီနော် ၊
"ဟူး..ဒီခလေးနဲ့တော့လေ ဆုံးမနိုင်မဲ့လူမရှိတော့ဘူးလားမသိပါဘူး။
အခန်းထဲဝင်လိုက်ပြီဆိုတာနဲ့အဝတ်စားတစ်ချို့က ကုတင်ပေါ်မှာရော ၊ ခုံပေါ်တွေရော ၊
ဆိုဖာပေါ်မှာတောင် ၊ မြင်မကောင်းလောက်အောင်ရူပ်ပွနေတာမို့။ ဒေါ် ညို့ရေရှင် မနက်အစောစီးမှာညီးသွားမိတယ်။ဒီခလေးနဲ့တော့ခက်ပြီကွယ် ၊ အကိုသိရင်လည်းဆူခံရအုံးမယ်..။
ရုပ်ပွနေတဲ့ အမိူက်တွေကိုကျော်လွှားပြီး ၊
ကုတင်ထပ်ပေါ်ဝယ်အိပ်မောကြနေတဲ့သမီးဖြစ်သူ။ညို့တေးကို နိူးရအုံးမယ်၊ သူမှမနိူးရင်မထတာမို့ ဒေါ်ညို့ရေရှင်တစ်ယောက်။ အခက်
တွေ့လို့နေတယ် ၊တစ်ဦးထဲသောသမီးမို့အလိုလိုက်ရင်းကနေအခုလိုလေးဆိုးသွမ်းတဲ့ခလေးဖြစ်သွားပါလေရော။ဒေါ်ညို့ရေရှင်တစ်ယောက် ၊ နမည်နဲ့မလိုက်အောင်ဆိုးတဲ့ညို့တေးကိုနိုင်မဲ့လူပေါ်လာပါစေလို့ပဲစိတ်ထဲကဆုတောင်းနေမိတယ်။
"တေး..သမီး၊ အမေလာနိူးပြီလေကွယ်။
"မထသေးဘူးလား ခလေး.."
"မေမေ ..တေးမထချင်သေးဘူး အိပ်ချင်နေသေးတယ် ၊ ညက သူဇာနွယ်တို့နဲ့အကဲလွန်ထားတာခုထိဒဏ်ဖြစ်နေသေးတယ်။
တေး..မေမေမဆူချင်ဘူးနော် အခုဘယ်ချိန်ရှိပြီလဲသိလား..
"မေမေကလည်း..ဟင့်...ဟင့်..."
"တေးကိုအနိုင်ကျင့်တယ်.."
အန်တီလှိုင်လာရင်.."
"မေ့မေ့ကို ..တိုင်ပြောမယ်။
တေးနော်မေ့မေ့ကို လှိုင်နဲ့ခြိမ်းခြောက်နေတာလား..။