UNICODE
သူမရဲ့ မွေးနေ့မှာ ကျန်းယုမိုက သူမဟာ ကျောင်းဝန်းဝတ္ထုထဲမှာ အသက်ရှင်နေတာဖြစ်ကြောင်း သတိပြုမိခဲ့သည်။ သူမရဲ့ အချစ်ဦးကတော့ အမျိုးသားဇာတ်လိုက်၏ ပြိုင်ဘက် သွမ့်ယဲ့ဖြစ်သည်။
ဇာတ်လိုက်ရော သွမ်ယဲ့ရောက် အမှတ်၅အထက်တန်းကျောင်းမှ ပြဿနာကောင်လေးတွေဖြစ်သည်။ သူတို့က အချင်းချင်းကြည့်မရဘဲ ပြိုင်ဘက်တွေအဖြစ် မှတ်ယူထားသည်။
ထူးချွန်ထက်မြက်သည့် အမျိုးသမီးဇာတ်လိုက်၏ လွှမ်းမိုးမှုအောက်မှာ ဇာတ်လိုက်က သူ့မိသားစုဆီပြန်ကာ ယွမ်ဘီလီယံနှင့်ချီသည့် စီးပွားရေးကို အမွေဆက်ခံပြီး အောင်မြင်သည့်သခင်လေးကျိုး ဖြစ်လာ၏။
တစ်ဖက်မှာတော့ သွမ့်ယဲ့က သာမန်မိသားစုကနေ လာတာဖြစ်ပြီး အဆင့်တွေလည်း မကောင်းကာ တက္ကသိုလ်တက်ဖို့လည်း အရမ်းပျင်းခဲ့သည်။ အထက်တန်းကျောင်းပြီးတော့ သူက ကားပြင်ဆိုင်ဖွင့်ကာ သက်မွေးဝမ်းကြောင်းပြုလေသည်။ ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့၏ လှပသည့် အချစ်ဇာတ်လမ်းနှင့် မတူဘဲ သွမ့်ယဲ့နှင့် သူ့ရဲ့အချစ်ဦးကတော့ အကြိမ်ပေါင်းများစွာ ပြတ်လိုက် ဆက်လိုက်နှင့် ဖြစ်ကာ တစ်ချို့သောစာဖတ်သူတွေအား မအောင်မြင်သည့် ကျောင်းသားတွေရဲ့ တကယ့်အဖြစ်အပျက်ဆီအား ဆွဲခေါ်သွားသည်။
ကျန်းယုမို: ?
***
ကျန်းယုမိုက ခုနောက်ပိုင်း ထူးထူးဆန်းဆန်းတွေပြုမူနေသည်အား သွမ့်ယဲ့ သတိပြုမိသည်။ သူမက သူ့အား သူမရဲ့မှတ်စုတွေ ကူးခိုင်းပေမယ့် အဆုံးမှာ သူမဘာသာ လေ့ကျင့်ခန်းရေးရမှာ ပျင်းတာမျိုး ပြီးတော့ သူမကို ပထမဆုံး အွန်လိုင်းအနုပညာရှင်ဖြစ်အောင် ကူညီပေးဖို့ လုပ်ခိုင်းပြီးတော့ သူ့သူငယ်ချင်းတွေကိုပါ သူမရဲ့ ပို့စ်၌ မှတ်ချက်တွေရေးခိုင်း Follow လုပ်ခိုင်းစေသည်။
သူက ရွေးစရာမရှိဘဲ သူမကိုသာ အဖော်ပြုပေးရတော့၏။
သို့ပေမယ့် သူမက ရုတ်တရက်ကြီး ကျိုးကျီဆိုသည့် ခွေးသားကို ဖော်လံဖားလုပ်ဖို့ ကြိုးစားမယ်လို့ သူတစ်ခါမှ မတွေးခဲ့မိပေ။
YOU ARE READING
နှလုံးသားထဲက အချစ်ဦး
RomanceAuthot Lin Mian Mian ၏ဝတ္ထုလေးပါ။ အထက်တန်းကျောင်းကနေစခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုပါ။ နွေးထွေးပြီး စိတ်အေးချမ်းစေတဲ့ဇာတ်လမ်းလေးမို့လို့ အပန်းပြေစရာဖြစ်မှာပါ။ Extra အပါ အပိုင်း ၁၁၉ရှိပြီးတော့ E trans Complete ပါရှင့်။ Etrans ဖတ်ချင်တဲ့သူတွေအတွက် အောက်...