00 က အရင်လိုပဲ အထင်နဲ့ misaki ကို စကားတွေပြောနေမိသည်။ သူ့စိတ်ထဲတွင် misaki ကသာ သူ့ host သူ့ boss ဟု မှတ်ယူထားသောကြောင့်ဖြစ်လိမ့်မည်။ အဝေးတစ်နေရာကနေ သူ့ကို ခါးထောက်ကာ ရပ်ကြည့်နေသော ဇွန်ဘီတစ်ကောင်ကို တွေ့လိုက်မှသာ သူ့ host က William မှန်း ပြန်သတိရသွားပြီး တဟဲဟဲအသံပြုကာ William ဆီကို တိုးကပ်သွားသည်။
"Yoko ရဲ့အခြေအနေ ဘယ်လိုရှိလဲ" William က 00 အတွက် ဂါဝန်အသစ် ရွေးချယ်ပေးရင်းမှ မေးလိုက်၏။ ဇာအထပ်ထပ်နှင့် ပန်းရောင်ဂါဝန်ကို လက်ညိုးထိုးပြလိုက်ပြီး 00 လည်း မြင်ခဲ့သမျှကို ပြန်ပြောပြလိုက်သည်။
လက်ရှိတွင် ကမ္ဘာကို ကယ်တင်မည့်အဓိက ဇာတ်လိုက်နှင့် ဇာတ်လိုက်မကို ရှာမတွေ့သေးပေ။ ထို့ကြောင့် Yoko တစ်ယောက် သူ့ကိုယ်ပိုင် system ၏အကူအညီကို သုံးလျက် ကမ္ဘာပေါ်မှ ရှိသမျှ ကံကောင်းမှုအကုန်ကိုတူးထုတ်သွားမည်ကို မလိုလားပါ။ ဒီလိုသာဆို ကမ္ဘာက ဇွန်ဘီတွေကြောင့်မပျက်စီးဘဲ လူသားကြောင့် ပျက်စီးကိန်းဆိုက်သွားလိမ့်မည်။
00 ကတော့ Yoko ၏ကြွက်စုတ်လို system က ဘယ်လောက်ရုပ်ဆိုးကြောင်း ပြောပြနေသည်။ ထိုမျက်လုံးနီရဲရဲတွေနှင့် ဘယ်လိုသတ္တဝါမှန်း မသိရသော system မှာ Yoko ၏ ပုခုံးထက်တွင် ထိုင်နေပြီး အရာအားလုံးကို စောင့်ကြည့်နေသဖြင့် 00 မှာ အတော်လေး သိုသိုသိပ်သိပ်ဖြင့် လှုပ်ရှားခဲ့ရသည်ပင်။
Yoko နှင့် Zuni စောစောစီးစီးတွေ့ဆုံမည့် အခွင့်အရေးတိုင်းကို ဖျက်ဆီးပစ်ရန်မှာ လွယ်ကူလွန်းလှသည်။ တစ်ချို့သော လူနှစ်ယောက်ကြားမှ ဆက်ဆံရေးမှာ အပေါ်ယံလောက်သာဖြစ်သဖြင့် ကောင်းကင်ဘုံ၏ အစီအစဉ်တိုင်းကို ရှောင်ရှားလိုက်လျှင် ထိုနှစ်ယောက်ကြားရှိ ရေစက်လေးမှာလည်း လွယ်လင့်တကူ ပြတ်တောက်သွားလိမ့်မည်။
အရင်ဘဝက Yoko နှင့် Zuni ကြားမှ အချစ်ဟူသော ဆက်ဆံရေးသည် အရာအားလုံးကို system အားကိုးဖြင့် အကဲဖြတ်နေသည့် Yoko တစ်ယောက်တည်း၏ အကွက်ချမှုများဖြစ်တာကြောင့် ကောင်းကင်ဘုံက ထုံးဖွဲ့ပေးထားသော ရေစက်ပင် ရှိမနေပါ။ ထို့ကြောင့် 00 သာ ဝင်နှောင့်ပေးနေသရွေ့ သူတို့ နှစ်ဦး၏ မတော်တဆ ပထမဆုံးတွေ့ဆုံမှုလေးကပင် လွဲချော်သွားလိမ့်မည်ဖြစ်သည်။
KAMU SEDANG MEMBACA
How to flirt with the final boss 2
Romansaအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.